Miss Universe Myanmar အတွက် သျှမ်းပြည်အရှေ့ပိုင်းကိုယ်စားပြု တာချီလိတ်မှ နန်းမွေဖောင်းလုံ ရရှိ
လာမည့်စက်တင်ဘာလတွင် ကျင်းပမည့် Miss Universe Myanmar အတွက် သျှမ်းပြည်အရှေ့ပိုင်း ကိုယ်စားပြုမည့် Miss အားရွေးချယ်ရာ တာချီလိတ်မြို့မှ နန်းမွေဖောင်းလုံ အသက် ၁၉ နှစ်က အနိုင်ရရှိခဲ့ပါသည်။
သျှမ်းပြည်အရှေ့ပိုင်းသားများကိုယ်စားပြုမည့် Miss Universe Tachileik ကို ဂျူလိုင်လ ၂ ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ ပါလျံရပ်ကွက် တရုတ်ဘုံကျောင်းတွင်ကျင်းပရာ သျှမ်းပြည်အရှေ့ ပိုင်းမြို့နယ်အသီးသီးမှဝင်ရောက်ယှဉ်ပြိုင်သူ ၂၀ ဦးအနက် တာချီလိတ်မြို့ကိုယ်စားပြု နန်းမွေဖောင်းလုံက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မိခင်ဖြစ်သူ နန်းဖောင်းတစ်က - အခက်အခဲတွေအမျိုးမျိုးကြားထဲကနေ သူအနိုင်ရရှိသွားပါတယ်။ သျှမ်းအရှေ့ကိုယ်စားပြုထဲမှာ သျှမ်းဆိုလို့ ကျမသမီးအပါအဝင် ၃ ယောက်ဘဲရှိပါတယ်။ ကျမတို့အတွက်အရမ်းကိုအခွင့်အရေးနည်းပါးပါတယ်။သမီးကလည်းအရာရာကိုအသေးစိပ်လေ့လာပြင်ဆင်ပြီးမှ ပြိုင်ပွဲဝင်တာပါ။ ဒိုင်လူကြီးတွေက ရန်ကုန် ကနေလာပါတယ်။သူ့မှာအရည်အချင်းရှိလို့ ဒိုင်လူကြီးတွေ သူ့ကိုရွေးလိုက်တာလို့ ယုံကြည်ပါတယ်။ သူသျှမ်းပြည်အရှေ့ပိုင်းကိုယ်စားပြုဖြစ်သွားတဲ့အတွက်လည်း ဂုဏ်ယူဝမ်းသာပါတယ် - ဟု ဆိုပါသည်။
နန်းမွေဖောင်းလုံသည် တာချီလိတ်မြို့ စိုင်းသိန်း နန်းဖောင်းတို့၏ သားသမီး ၃ ဦးအနက် သမီးလတ်ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Assumption University တွင် Management BBA တတိယနှစ်တက် ရောက်နေကြောင်း သိရသည်။ အရပ်အမြင့်မှာ ၅ ပေ ရ လက်မခွဲရှိပါသည်။
နန်းမွေဖောင်းလုံသည် လာမည့်စက်တင်ဘာလတွင် မြန်မာတနိုင်ငံလုံး တိုင်းနှင့်ပြည်နယ်အသီးသီးမှ ရောက်ရှိလာသည့်ကိုယ်စားပြုမယ်များနှင့်ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိပါက Miss Universe Myanmar အဖြစ်မြန်မာနိုင်ငံကိုယ်စားပြုကာ အပြည်ပြည်ဆိုင်ရာမယ်များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Tags: General, News