ငြိမ်းချမ်းရေး အလုပ်ရုံ ဆွေးနွေးပွဲမှ အပြန် RCSS/SSA အား နေပြည်တော် ရဲတပ်ဖွဲ့မှ တားဆီး စစ်ဆေး



ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်သောငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံ ဆွေးနွေးပွဲမှအပြန် ရန်ကုန်-မန္တာလေး ၊ နေပြည်တော်အမြန်လမ်းတွင် RCSS/SSA မောင်းနှင်လာသော ယာဉ်အား နေပြည်တော်ရဲတပ်ဖွဲ့မှ ခေါ်ယူတားဆီး စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည် ။

RCSS/SSA  အား နေပြည်တော်ရဲတပ်ဖွဲ့မှ  တားဆီးစစ်ဆေးစဉ်

RCSS/SSA  အား နေပြည်တော်ရဲတပ်ဖွဲ့မှ  တားဆီးစစ်ဆေးစဉ်

RCSS/SSA  အား နေပြည်တော်ရဲတပ်ဖွဲ့မှ  တားဆီးစစ်ဆေးစဉ်


နေပြည်တော် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိသူက RCSS/SSA မှ မောင်းနှင်လာသော ယာဉ်(၅)စီး၏ ယာဉ်မောင်းလိုင်စင် ၊ ကားလိုင်စင်  တို့ကို စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည် ။

“ ကျနော်တို့ NCA ကိုသွားဖို့ ဘားအံမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပါတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုသွားတာ။သက်ဆိုင်ရာအဆင့်ဆင့်ကိုလည်းအသိပေး အကြောင်း ကြားပြီးမှသွားတာ။ နေပြည်တော်ရဲတပ်ဖွဲ့က တစ်နာရီကျော်ကြာခေါ်စစ်တာ။ ဒါ မဖြစ် သင့်ပါဘူး။ အထက်ကလူကြီးတွေလုပ်ဆောင်ချက်ကို အောက်ခြေက မသိဘူး ဆိုတဲ့ သဘော ဖြစ်နေတယ်  ” ဟု ယင်းခရီးစဉ်တွင်လိုက်ပါသော RCSS အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရန် RCSS မှ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ စရဖ နှင့်သက်ဆိုင်ရာ ဌာနအသီးသီးထံ အကြောင်း ကြားထားသော်လည်း ယခုကဲ့သို့ မလိုလားအပ်ပဲ စစ်ဆေးမေးမြန်းလာခြင်းကြောင့် ခရီးစဉ်နှောင့်နှေးခြင်း၊ ယုံကြည်မှုတည် ဆောက်ရာတွင် မလိုလားအပ်သော  ပြဿနာ များဖြစ်လာနိုင်ခြင်းတို့၏ အကြောင်းရင်းများဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၁ ရက်နေ့အထိ ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး RCSS, KNU, ALP, DKBA, PNLO, CNF,KNPP, MNSP, KNLA  စသည့်တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ခဲ့သည်။  RCSS မှလည်း ၂၄ ဦးတက်ရောက်ခဲ့သည်ဟု သိရသည် ။

ဖေဖော်ဝါရီ  ၂၈  ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့တွင် RCSS မှ လူငယ်စွမ်းရည်မြင့်သင်တန်း ကျင်းပပြုလုပ်ရာ လင်းခေးခရိုင် မိုးနဲမြို့အခြေစိုက် ခလရ ၂၄၈ က ၀င်ရောက် တိုက် ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ တစ်ဦး ဒဏ်ရာရရှိကာ RCSS ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates