အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ပတ်သက် သည့်ဆွေးနွေးပွဲ တောင်ကြီး တွင် ကျင်းပမည်



" အမျိုးသားပြန်လည် သင့်မြတ်ရေးကို အဟန့်အတားလုပ်နေ သော အရာများ " ဆွေးနွေးပွဲကို လာမည့်စနေနေ့၌ တောင်ကြီးမြို့တွင် ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည် ။


ယင်းဆွေးနွေးပွဲအား သျှမ်းပြည် (တောင်ပိုင်း) နိုင်ငံရေး အကျဉ်းသား ဟောင်း များအဖွဲ့ နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့ ပူးပေါင်း ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗိုလ်မှူးကြီးစောလွင် - (ကယန်းပြည် သစ်ပါတီ ) ၊ ဒေါက်တာရန်မျိုးသိန်း ၊ဒေါ်ခင်မမမျိုး တို့မှ ဦးဆောင်ဆွေး နွေးသွား မည် ကြောင်းသိရသည် ။

" အမျိုးသားပြန်လည်သင့် မြတ်ရေးကို အဟန့်အတား ဖြစ်စေတဲ့အကြောင်း အရာတွေကိုအဓိကထားဆွေးနွေးသွားမှာဖြစ်တယ်။ အသွင်ကူးပြောင်းမှု ကာလမှာ တရားမျှတမှုရှိမှသာ အဓိပ္ပါယ် ရှိမှာဖြစ်တယ် " ဟု ဦးဆောင်ဆွေး နွေးမည့် ဒေါ်ခင်မမမျိုးကပြောသည်။

ဆွေးနွေးပွဲအား မေလ ၁၆ ရက်နှင့် ၁၇ ရက် ၂ ရက်တာ ကျင်းပ မည်ဖြစ်ပြီး ကျင်းပမည့်နေရာမှာ တောင်ကြီးမြို့ ၊ အ.ထ.က(၁) အနီး၊ လမ်းမတော်ရပ် စိန့်ဂျိုးဇက်အောက်မေ့ဘွယ်ဓမ္မာရုံတွင်ဖြစ်ကြောင်း ဆက်လက်သိရှိရပါ သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates