ငြိမ်းချမ်းရေး ထိခိုက်စေသည့် သတင်း ဖော်ပြချက် ကြောင့် ပြန်ကြားရေး ဝန်ကြီးထံ ၀ တပ်ဖွဲ့ တိုင်ကြား
UWSA ၀ တပ်ဖွဲ့နှင့် အစိုးရအကြား ယုံကြည်မှု ပျက်ပြားစေပြီး ငြိမ်းချမ်းရေး ထိခိုက်စေနိုင်သည့် သတင်းဖော်ပြရေးသားချက်များနှင့် ပတ်သက်၍ စီစစ်အရေးယူပေးရန် ၀ တပ်ဖွဲ့မှ ပြန်ကြားရေးဝန်ကြီးထံ တိုင်ကြားထားကြောင်း ၀ တပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
![]() |
UWSA ၀ တပ်ဖွဲ့ |
ယင်းဖော်ပြချက်များအနက် အချို့မှာ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်နေခြင်း၊ ကိုးကန့်အဖွဲ့အား မြှောက်ပေးခြင်း တို့ကို သက်ရောက်စေသဖြင့် ငြိမ်းချမ်းရေး အရ ထိခိုက်နေသောကြောင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း UWSP မှ တာဝန်ရှိသူတဦးက ပြောသည်။
‘ ၀ နဲ့ ပတ်သက်လို့ တချို့မီဒီယာတွေရဲ့ ဖော်ပြချက်တွေက တဘက်သတ် တအား ဆန်လွန်းတယ်။ ဥပမာ အလဲဗင်းသတင်းစာရဲ့ ကာတွန်းဖော်ပြချက်မှာ ဆိုရင် ဒီလောက် ချမ်းသာမှာပေါ့ အကုန် ဘိန်းရောင်းနေတာ ဆိုတာမျိုး။ တချို့ဆိုရင်လည်း ကျနော်တို့က တိုင်းရင်းသားမဟုတ်ဘူး ဆိုတာမျိုးတွေကနေ လက်နက်ကိုင်အဖွဲ့တွေကို မြောက်ပေးဖို့ ညီလာခံကိုလုပ်တာတွေအထိ စသဖြင့်ပေါ့လေ။ အဲလို ဖော်ပြတဲ့အတွက် ငြိမ်းချမ်းရေး အတွက် အဟန့်တားဖြစ်စေပြီး ပြည်သူတွေကလည်း ၀ တွေအပေါ် အထင်အမြင် လွှဲမှားစေတယ်။ဒါကြောင့် ၀န်ကြီးဦးရဲထွဋ်ဆီကို တိုင်ထားတယ်။ ‘ ဟု အဆိုပါ အမည် မဖော်လိုသည့် ၀ တပ်ဖွဲ့အရာရှိငယ်တဦးက ပြောသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ ပြောခွင့်ရ ဦးအောင်မြင့်ကမူ ၀ တပ်ဖွဲ့နှင့် ပတ်သက်ပြီး အဖွဲ့အစည်းအားထိခိုက်စေသည့် ရေးသားဖော်ပြမှုများ ပြုလုပ်သည့် မီဒီယာများကို တရားစွဲဆိုသွားမည်ဟု သတင်းမီဒီယာအချို့အား ပြောဆိုခဲ့ဖူးသည်။
ဝ ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSA မှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက် လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး အင်အားအကြီးမာဆုံးနှင့် နယ်မြေအကျယ်ပြန့်ဆုံး ထိန်းချုပ်ထားနိုင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းဖြစ်သည်။
Tags: News, politic