ပြဿနာများ လက်တွဲ ဖြေရှင်းရန် တအာင်း အမျိုးသား ပါတီအား RCSS ကမ်းလှမ်းထား



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ် အတွင်း နေ တအာင်း(ပလောင်) အမျိုးသားပါတီ TNP နှင့် ဖြစ်ပွားနေသည့် ကိစ္စအား ပြေလည်အောင်ဖြေရှင်းပြီး နားလည်မှု ယုံကြည်မှုတည်ဆောက်နိုင်ရန် ကမ်းလှမ်း ထားသည်ဟု သိရသည်။



မိုင်းကိုင်မြို့နယ် တအာင်န်း(ပလောင်)အမျိုးသားပါတီ TNDP ဥက္ကဌ နှင့် ဒုတိယ ဉက္ကဌ အား  RCSS/SSA က ဂျွန် ၁၉ ရက်နေ့က ထိန်းသိမ်းလိုက်ကြောင်း၊ ဂျူလိုင် ၂၂ ရက် နှင့် ၂၄ ရက်နေ့ တွင် သီးခြားစီ ပြန်လည်လွတ်ပေးလိုက် ကြောင်း၊ ထို့အတူ ရှေ့ဆက်ပြဿနာများ မဖြစ်ပွားစေရန်နှင့် အေးအတူ ပူအမျှ ဒွန်တွဲနေထိုင်နိုင်ရေးအတွက် TNDP လူကြီးများ အား တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှ ကပြောသည်။

“ ဒါက နားလည်မှုလွဲတာပါ။ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို အကြောင်းမကြားဘဲလာ လို့လေ။ ဘယ်အဖွဲ့မဆို လာမယ်ဆိုရင် ကြိုအကြောင်းကြားရမယ်။ နောက်ထပ်မဖြစ် အောင် ပြဿနာတွေကို လက်တွဲဖြေရှင်းနိုင်အောင် ကျနော်တို့ ဌာနချုပ်မှာ တွေ့ဖို့ ဖိတ်ခေါ် ထားတယ်။ သူတို့လဲ ပါတီကိစ္စနဲ့ အလုပ်များနေသေးလို့ မလာနိုင်သေးတာ နေမှာ” - ဟု ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။

‘‘နှစ်ဖက်အကြား ဆွေးနွေးဖို့ ကျနော်တို့ကို ဖိတ် ထားတာရှိတယ်။ ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ကျနော်တို့ ယုံကြည်မှုပြန် တည်ဆောက် ဖို့အ တွက် ဆွေးနွေးကြမှာ’’ ဟု တအာင်န်း (ပလောင်) အမျိုးသား ပါတီဗဟို တွဲဖက်အထွေထွေအ တွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က 7Day News သို့ပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် သျှမ်းပြည်သားများ တန်းတူညီမျှရေး ပေါ်လစီ ချမှတ်ထားကြောင်း၊ သျှမ်း ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံးညီညွတ်သင့်ကြောင်း၊ စည်းလုံးညီညွတ်ရန် လည်း ရင်းရင်းနှီးနှီးဝင်ထွက်ဆက်ဆံရ မည်ဖြစ်ကြောင်း၊ မတူညီသည်များကို ဘေးဖယ်၍ တူညီ သည့်အချက်များအား လက်တွဲ အကောင်အထည်ဖေါ်သင့်ကြောင်း ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စု အဆင့်လက်မှတ်ရေးထိုးထားသည်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မည်သည့်ပါတီ ဘက်မှ ရပ်တည်မှုပြုမည်မဟုတ်ဘဲ ကြားနေ အဖြစ် သာနေသွားမည်ဟု သျှမ်းသံတော်ဆင့်သို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင် ပြောဆိုထားဖူးသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates