မြို့နယ် ကော်မတီ ဆုံးဖြတ်ချက်ကို SNLD ဗဟိုက ပါယ်ဖျက်ပြီး နမ့်ခမ်း မြို့တွင် ၃ နေရာ ပြိုင်မည်



နမ့်ခမ်းမြို့ဒေသခံ SNLD ပါတီတာဝန်ရှိသူများက ရွေးကောက်ပွဲတွင် SNLD ပါတီအနေဖြင့် နမ့်ခမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သဘောတူဆုံးဖြတ်ထားခဲ့ကြ သော်လည်း ပါတီဗဟိုကမူ ပါတီအနေဖြင့် နမ့်ခမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောဆိုသည်။



ကျနော်တို့ နမ့်ခမ်းမှာပြိုင်မယ် ။ မြို့နယ်က ဗဟိုရဲ့ ဆုံးဖြတ်ချက်ကိုကျော်ပြီး လုပ်လို့မရ ပါဘူး။ ဒါက ပါတီ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ပါ။ ဆုံးဖြတ်ချက်အရ သုံးယောက်ပြိုင် မယ် နမ့်ခမ်းမှာ ပြည်နယ် နှစ်ယောက် ပြည်သူ့ တစ်ယောက်ပါ  - ဟု ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

နမ့်ခမ်းမြို့နယ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက နမ့်ခမ်း မြို့ တွင် ကျားဖြူပါတီ SNDP ပါတီရှိပြီး ဖြစ်သဖြင့် ကျားခေါင်း SNLD ပါတီအနေဖြင့် နမ့်ခမ်းတွင် ယှဉ်ပြိုင် မည် မဟုတ်ဟုဆုံးဖြတ်ရခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့ SNLD ပါတီ ဥက္ကဌ စိုင်းလိန်မြတ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဗဟိုကော်မတီ ဆုံးဖြတ်ချက်ဆိုတော့ ကျနော်တို့လဲ မလွန်ဆန်နိုင်ဘူး။ ဒါက ပါတီအရေး လေ။ နမ့်ခမ်းမြို့မှာ ပြသနာပေါင်းသောင်းခြောက်ထောင်ပါ။ ကျားဖြူကို မပံ့ပိုးရင် ဒေသခံ လယ် ယာ မြေ တွေ တခြားလူမျိုးလက်ထဲရောက်သွားနိုင်တယ် - ဟု စိုင်းလိန်မြတ်က ပြောသည်။

နမ့်ခမ်း မြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် အောင်နိုင်ရေးကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ် ကာ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကိုလည်း မကြာမှီ ထုတ်ပြန် မည်ဖြစ်ကြောင်း သိရသည်။

ကျားခေါင်းဟု ခေါ်သည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့် ရွေးကောက်ပွဲ တွင် နေရာပေါင်း ၁၆၀ ထက်မနည်း ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ကျားဖြူခေါ်သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီမှာ နေရာပေါင်း ၂၀၀ နီးပါးတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates