ကချင်၊ ကရင်၊ သျှမ်း မြေပေါ် ထိုးစစ်ဆင်မှု အားလုံး ရပ်ရန် UNFC တောင်းဆို



တပြည်လုံးအပစ်ခတ်ရပ်စဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက် အကူ ပြုစေရန် သျှမ်းပြည်နယ်၊ ကချင် ပြည်နယ်နှင့် ကရင် ပြည်နယ် အတွင်း ထိုးစစ်ဆင်တိုက် ခိုက်မှုများအားလုံး ခြွင်းချက်မရှိ ရပ်တန့်ပေးရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC က ထုတ်ပြန် တောင်းဆို လိုက်သည်။



အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် - တပြည်လုံးအပစ်ခတ်ရပ်စဲနိုင်ရေးအတွက် ဂျူလိုင် ၂၂ ရက် မှ ၂၄ ရက်အထိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ SD နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော် မတီ UPWC တို့ ၈ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုအား အပြုသဘောဆောင်သော်လည်း စစ်မှန် သည့် ငြိမ်းချမ်းရေးအတွက် ထိုးစစ်ဆင်မှုများအားလုံး ရပ်တန့်ရမည်ဟု ဆိုသည်။

“ဆွေးနွေးပွဲလုပ်နေချိန်မှာဘဲ အစိုးရတပ်က ကချင်၊ သျှမ်းနဲ့ ကရင်ပြည်နယ်ဘက်မှာ ထိုးစစ်ဆင် နေတယ်။ ဒါက တတိုင်းပြည်လုံးအပစ်အခတ်ရပ်စဲနိုင်ဖို့ အတွက်အဟန့် အတားဖြစ်စေတယ်။ ဒါကြောင့် စစ်မှန်တဲ့ငြိမ်းချမ်းရေး အမှန်တကယ် တည်ဆောက် လိုရင် လက်ရှိစစ်မြေပြင်မှာ ထိုးစစ်ဆင်နေမှု အားလုံး ရပ်တန့်ပေးရမယ်” - ဟု UNFC ဒုတိယ ဉက္ကဌ နိုင်ဟံသာက ပြောသည်။

ထုတ်ပြန်ကြေငြာချက်တွင် တိုင်းရင်းသားဒေသအတွင်းထိုးစစ်နေမှုအား ခြွင်းချက်မရှိ ရပ်တန့်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်၊ နိုင်ငံတကာ စောင့်ကြည့် အရေးအဖွဲ့ အား ကန့်သတ်မထားဘဲ ပါသင့်သည့်သူများ ပါဝင်နိုင်ရန် UNFC မှ တောင်းဆိုထားသည်။

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ EAO, SDCN (SD) တွင် UNFC  အဖွဲ့ဝင်များ အားလုံးနီးပါး ပါဝင်သည်။ SD မှာမူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ၂၀၁၃ ခု က ဖွဲ့စည်းထားသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနိုင်း ဆောင်ရွက်ရေး အဖွဲ့ NCCT မှ တိုးမြင့်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်များမှာ ဥက္ကဌ နော်စီဖိုးရာစိန် ၊ ဒုတိယဥက္ကဌ ပူးဇင်ကျုံးတို့ တာဝန်ထမ်းဆောင်ထားပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates