ပထမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှ ဘဏ္ဍာရန်ပုံငွေအကြောင်းဆွေးနွေး



ပထမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးအား သြဂတ်စ်လ (၁၈) ရက်နှင့် (၁၉) ရက်နေ့တွင် သျှမ်းပြည်လွှတ်တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။



လွှတ်တော် အစည်းအဝေး ပထမနေ့တွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ သျှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေ တွင်ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ၂၀၁၅ -၂၀၁၆ ခု ဘဏ္ဍာရေးနှစ်ဖြည့်စွက် ခွင့်ပြုငွေတောင်း ခံခြင်းအား ပြည်နယ် လွှတ်တော်သို့ တင်သွင်းခြင်း ၊ သျှမ်းပြည်နယ် အစိုးရအဖွဲ့က တင်သွင်းသောသျှမ်း ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သောဌာန အဖွဲ့အစည်းများ၏ ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေး နှစ်ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်း နှင့် စပ်လျဉ်းကာ ဆွေးနွေးလိုသော ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေငြာခြင်း ၊ ပထမအကြိမ်လွှတ် တော်(၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင်တင် သွင်းသော သျှမ်းပြည်နယ် အစိုးရအဖွဲ့၏ သျှမ်းပြည်နယ် တိုင်းရင်း ဆေးဆရာများနှင့် တိုင်းရင်း ဆေးဝါး ထုတ်လုပ် သူများဆိုင်ရာ ဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်း၍ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ အစီအရင်ခံစာ ဖတ်ကြားရှင်းလင်း ခြင်းများပြု လုပ် ခဲ့ပြီး လွှတ်တော် ဒုတိယနေ့တွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ သျှမ်းပြည်နယ် အပင်နှင့် ပိုးမွှားရောဂါကာကွယ် ရေးနှင့် နှိမ်နင်းရေးဥပဒေ (မူကြမ်း) ၊ သျှမ်းပြည်နယ် ယစ်မျိုးခွန်ဥပဒေ (မူကြမ်း) ၊ သျှမ်းပြည်နယ် တိရိစ္ဆာန် မွေးမြူရေးနှင့် စနစ်တ ကျထိန်းကျောင်းရေး ဥပဒေ (မူကြမ်း) တို့အားပြည်နယ် လွှတ်တော်တို့ တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည် ။


၂၀၁၁ - ခုနှစ်ဂျန္နဝါရီမှ ၂၀၁၅ ဧပြီလ အထိ လွှတ်တော်သက်တမ်း လေးနှစ် ကျော်ကာလသက်တမ်း အတွင်းတွင် ပထမအကြိမ် သျှမ်းပြည်နယ် လွှတ်တော်ပုံမှန် အစည်းအဝေး (၁၂)ကြိမ် ၊ အထူး အစည်း အဝေး (၃) ကြိမ် ၊ နှင့်အရေးပေါ် အစည်းအဝေး (၁) ကြိမ် စုစုပေါင်း (၁၆) ကြိမ်ကျပ်းပခဲ့ရာ သျှမ်းပြည်နယ် လွှတ်တော် ကိုယ်စား လှယ်ပေါင်း (၆၂) ဦးတို့မှ ကြယ်ပွင့်ပြမေး ခွန်းပေါင်း (၄၂၆) ခုမေးမြန်းခြင်း ၊ ကြယ်ပွင့် မပြမေးခွန်း (၁၉၅) ခုမေးမြန်း ခြင်းနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ မှဖြေကြား ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးပေါင်း (၁၆) ကြိမ်အနက် လွှတ်တော်ကိုယ်စားလှယ် (၂၀) ဦးတို့မှ အဆိုပေါင်း (၃၆) ခုတို့ကို လွှတ်တော်သို့ တင်သွင်းရာတွင် အဆို (၁၉) ခုအားအတည်ပြုခြင်း ၊ အဆို(၂)ခုအား မေးခွန်အဖြစ်ပြောင်းခြင်း ၊ အဆို(၁၀)ခုအား မှတ်တမ်းတင် ခြင်း ၊ အဆို (၅) ခုအား ပြန်လည်ရုတ်သိမ်းခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်း ၊ ဥပဒေကြမ်းများတင်သွင်း ခြင်း ဘဏ္ဍာနှင့် ပတ်သက်၍ ဧပြီလတွင်ကျင်း ပခဲ့သော နောက်ဆုံးအစည်းအဝေး အထိဘဏ္ဍာရန်ပုံငွေ နှင့် ပတ်သက်သော ဥပဒေ ကြမ်း (၈) ခု ၊ ဒေသန္တရ စီမံကိန်းဥပဒေကြမ်း (၅) ခု ၊ ရသုံးခန့်မှန်းချေငွေ စာရင်း (၆)ခု ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်ဥပဒေ ပြုခြင်း ဘဏ္ဍာများမှ သျှမ်းပြည်နယ်အစိုးရမှ သီးခြားရေးဆွဲ တင်ပြသောဥပဒေ ကြမ်း (၉) ခု တို့ကို လွှတ်တော်က အတည်ပြုပေးနိုင်ခဲ့သည်ဟု သျှမ်းပြည်နယ်လွှတ် တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ အစည်းအဝေးတွင် တင်ပြခဲ့သည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates