တိုင်းရင်းသားအပေါ်ထားရှိသည့် NLD ၏ရွေးကောက်ပွဲမူဝါဒ သျှမ်းပြည် NLD ဥက္ကဌဝေဖန်



လာမည့်  ရွေးကောက်ပွဲတွင်   တိုင်းရင်းသား ဒေသများရှိ ပဋိပက္ခ ဖြစ်ပွား     ရာဒေသများ            တွင်ပါဝင်  ရောက်ယှဉ်ပြိုင်မည့်   NLD   ပါတီ၏ မူဝါဒ    အပေါ်  တိုင်းရင်းသားများ    ဘက်မှ အထင်လွဲမှုများ ပေါ် ပေါက်လာနိုင်  သဖြင့် ပါတီ ဗဟို တာဝန်ရှိသူများ အနေဖြင့်   အောက်ခြေတွင်   ဖြစ်ပေါ်နေသည့်  အခြေအနေပေါ်တွင် နားလည်ရန် လိုအပ်ကြောင်း သျှမ်းပြည်နယ်ဆိုင်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီ ဥက္ကဌဖြစ်သူ ဒေါ်ခင်မိုးမိုးက ပြောသည်။


လတ်တလော ဖြစ်ပွားခဲ့သည့် နမ့်ဇန်မြို့နယ်အပါအဝင် သျှမ်းပြည်နယ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးခန်းများ ဖျက်ဆီးခံရမှု ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များ ဟန့်တားခံရမှုများအပေါ် ရည်ညွှန်း၍ ပါတီ၏ မူဝါဒအပေါ် ပြန်လည် ဆန်းစစ်ရန် ထောက်ပြလိုက်ခြင်း ဖြစ်သည်။


“ တဘက် ကျမတို့ အောက်ခြေမှာက တတ်နိုင်ရင် မသွားစေချင်ဘူး ။ တဘက်က တိုင်းရင်းသား တွေကလည်း ကိုယ့်ပါတီအပေါ် အထင်လွဲတာတွေရှိလာတယ်။ ပါတီက ဗဟိုဆုံးဖြတ်ချက် ဖြစ်နေတယ်။  အားလုံးသိတဲ့အတိုင်းပဲ ရုံးတွေ ဖျက်ဆီးခံနေရတာ စည်းရုံးရေးခရီးစဉ်တွေကိုလည်း ဟန့်တားနေတာတွေလည်း ရှိနေတယ် ” - ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။


ပြီးခဲ့သည့် လအတွင်းက နမ့်ဇန်မြို့နယ်အတွင်း NLD ပါတီ၏ ရုံးဆိုင်းဘုတ်များ ဖျက်ဆီးခံခဲ့ရပြီး နောက်ပိုင်း လွန်ခဲ့သည့် အပတ်ကလည်း ရုံးဆိုင်းဘုတ်တစ်ခုမှာ ထပ်မံဖျက်ဆီးခံ ခဲ့ရသည်။


အလားတူ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း NLD ပါတီအနေဖြင့် လာရောက်မဲဆွယ် စည်းရုံးခြင်း မပြုလုပ်ရန် ဒေသခံအဖွဲ့စည်းများမှ အကြောင်းကြား စာပေးပို့ခဲ့ပြီး ကျေးသီးမြို့နယ် အတွင်းရှိ NLD ပါတီဆိုင်းဘုတ်မှာလည်း ပြီးခဲ့သည့် နှစ်အတွင်းက ဖျက်ဆီးခံခဲ့ရသည်။


ယင်းအပြင် ပအိုဝ်းဒေသနှင့် ကရင်ပြည်နယ်အတွင်းတွင် NLD ပါတီဝင်အချို့ သတ်ဖြတ်ခံရခြင်းများ လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။


NLD ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ရန်ရှိနေသည့် သျှမ်း ၊ ကချင် ၊ ကယား ၊ ကရင်စသည့် နယ်မြေ များတွင်  လက်နက်ကိုင် ပဋိပက္ခများရှိနေပြီး အစိုးရနှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အကြားတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ခြင်း မရှိသေးချေ။ အဆိုပါဒေသများတွင် ပြည်သူ့စစ် ၊ BGF စသဖြင့် အမည်နာမအမျိုးမျိုးဖြင့် လက်နက်ကိုင် နေကြ သည့် လက်နက်ကိုင် အဖွဲ့များမှာလည်း ထောင်နှင့်ချီရှိနေပါသည်။


ပအိုဝ်းအဖွဲ့မှ NLD ထံပေးပို့သောစာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းနိုင်သည့် ပြည်နယ် လွှတ်တော်နေရာများတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန်ဟု ဖော်ပြထားကြောင်း NLD တာဝန်ရှိသူ တဦးက RFA ကို ပြောဆိုထားခဲ့သည်။


NLD နှင့် နှစ်ရှည်လများ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ဖူးသူဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ခေါင်း ဆောင် ဦးအေးသာအောင်မှလည်း ရခိုင်ပြည်နယ်အတွင်း ပြည်နယ် လွှတ်တော်များ ပါမချန်ဝင် ရောက်ယှာဉ်ပြိုင်မည့် NLD ပါတီ၏ မူဝါဒအပေါ် ဝေဖန်ထားခဲ့ဖူးသည်။


ပြည်နယ် ဝန်ကြီးချုပ်ရာထူးမှာ သမ္မတမှ ရွေးချယ်နိုင်သော ရာထူးဖြစ်သော်လည်း ပြည်နယ်လွှတ် တော်ကိုယ်စားများထဲမှ ရွေးချယ်ရခြင်း ဖြစ်သောကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ ၀န်ကြီးချုပ် ဖြစ်နိုင်ခွင့် ရှိနေခြင်း ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates