၂၀၁၅ ရွေးကောက်ပွဲ မိုင်းလားမြို့တွင် မဲပုံးထောင်ရန် NDAA-ESS တပ်ဖွဲ့လက်မခံ



မိုင်းလားမဲဆန္ဒနယ် တွင် ရွေးကောက် ပွဲကျင်းပနိုင်ရန်အတွက် ကော်မရှင်မှ ကိုယ်စားလှယ်လောင်း များစာရင်း တင်သွင်း ခွင့်ပြုခဲ့ သော်လည်း မိုင်းလား တာဝန်ရှိသူများက ရွေးကောက်ပွဲ ကျင်းပခွင့် မပြုနိုင်ဟုဆိုကာ ပယ်ချခဲ့ ကြောင်း သိရသည်။


ကျနော်တို့ ပါတီ ကော်မရှင်က အဲဒီမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုလို့ ကိုယ်စားလှယ် လောင်းစာရင်း သွားတင်တယ် ပြီးတော့ မိုင်းလားကိုသွားတော့ သူတို့အဖွဲ့ တာဝန်ရှိသူ တွေက လက်ခံကျင်းပ ပေးမှာမဟုတ်ဘူး မိုင်းလား NDAA တာဝန်ရှိသူတွေက အကြောင်း ပြန်ခဲ့တယ်  - ဟု မိုင်းလားတွင် သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သည့် သျှမ်းတိုင်းရင်း သား များ ဒီမိုကရေစီအဖွဲ့ချုပ် မှ ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။


သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် အတွင်း ပါဝင်သည့် မိုင်းလားမြို့နယ် အားရွေးကောက်ပွဲ ကျင်းပရန် ရွေးကောက်ပွဲ မဲဆန္ဒနယ်တခုအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ် ထားသည်။


သို့သော် မိုင်းလား ဒေသ အမည်ရ အထူးဒေသ ၄ သည် ရွေးကောက်ပါ ကျင်းပရန် အခြေ အနေ မပြည့်စုံကြောင်း ၊ အခြေချ ရုံးစိုက် ဖွင့်လှစ်ထားသည့် ပါတီလည်း မရှိကြောင်း ၊ စည်းလုံး ညီညွတ်သော ငြိမ်းချမ်းရေး ပါတီကလည်း နိုင်ငံရေးပါတီ မဟုတ်ဘဲ တပ်ထုအား ထိန်း ကျောင်း သည့် ပါတီသာ ဖြစ်ကြောင်း … စသည့် အချက်များကြောင့် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မပြည့်စုံသေးကြောင်း ဌာနချုပ် အရာရှိကြီးတဦးက ပြောသည်။


ကျနော်တို့ဆီမှာ ဘာပါတီမှ မရှိဘူးလေ။ ဒါ့ကြောင့် ရွေးကောက်ပွဲ လုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ စစ်တပ်က ဖွဲ့စည်းထားတဲ့ ပါတီကလည်း ရွေးကောက်ပွဲအတွက် မဟုတ်ဘူးလေ။ ဒါ့ကြောင့် ဒီမှာက နိုင်ငံရေးပါတီတွေ မရှိလို့ ရွေးကောက်ပွဲလဲ လုပ်မှာမဟုတ်ဘူး - ဥက္ကဌ ရုံးအရာ ရှိကြီး တဦးကပြောသည်။


SNLD ပါတီအနေဖြင့် မိုင်းလားတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါက ပြည်သူ့လွှတ် တော် ၁ နေရာ ပြည်နယ် လွှတ်တော် ၂ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့ပြီး သျှမ်းတိုင်း ရင်းသား အများစုနေထိုင်သည့် မိုင်းလားဒေသတွင် ရွေးကောက်ပွဲ လက်ခံ ကျင်းပခွင့်မပြုခဲ့ သည့်မိုင်းလား NDAA အဖွဲ့အပေါ်တွင် နားမလည်နိုင် ကြောင်း ဦးစိုင်းလိတ်က ပြောသည်။


သျှမ်းပြည်နယ် အရှေ့ပိုင်းတွင် ရှိသည့် မိုင်းလားဒေသမှာ ၂၀၁၀ ခုနစ်ကလည်း ရွေးကောက် ပွဲ လက်ခံကျင်းပ ခဲ့ခြင်းမရှိသည့် ဒေသဖြစ်ပြီး အဆိုပါဒေသအား ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက် လာသည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS အမည်ရ မိုင်းလားတပ်ဖွဲ့က အုပ်ချုပ်ထိန်း ချုပ်ထားသည့်ဒေသ ဖြစ်သည်။


ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းခံထားသည့် မိုင်းလား ဒေသတွင် အစိုးရမှမြို့နယ် အဖြစ် သတ်မှတ်ထားသည့် မိုင်းလားမြို့နယ် တမြို့နယ်သာ ရှိပြီး NDAA အဖွဲ့မှ သတ်မှတ်ချက် အရမူ မိုင်းလား ၊ ဆီလူး ၊ မိုင်းမ မြို့သုံးမြို့ ကို မြို့နယ်အဖြစ် သတ်မှတ်ထားသည်။


ဝ ၊ ကိုးကန့်တို့နှင့် မဟာမိတ်ဖြစ်သည့် မိုင်းလားဒေသတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကိုးကန့် ဒေသတွင်မူ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ကိုးကန့် MNDAA အဖွဲ့မှလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် တဘက်သတ် အပစ်ခတ်ရပ်စဲ မှုပြုလုပ်ထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates