RCSS/SSA နှင့် ကရင် တပ်ဖွဲ့ များအား သမ္မတ နှင့် ကာချုပ် နေပြည်တော်၌ လက်ခံ တွေ့ဆုံ
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ တို့ သည် နေပြည်တော်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား သွားရောက် တွေ့ဆုံ ခဲ့သည်။
![]() |
| RCSS/SSA နှင့် ကရင်တပ်ဖွဲ့များ သမ္မတ နှင့် တွေ့ဆုံစဉ် (ဓါတ်ပုံ- ညိုအုန်းမြင့်ဖေ့စ်ဘု) |
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ယမန်နေ့ ဩဂတ်စ် ၃ ရက်နေ့ ကလည်းေ ကာင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်အား ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အားယနေ့ ဩဂတ်စ် ၄ ရက်နေ့ကလည်းကောင်း တွေ့ဆုံကြ သည်။ တွေ့ ဆုံမှုတွင် သျှမ်းပြည် တပ်မတော်မှ ဗိုလ်မှူးကြီးစိုင်းလှ၊ ဒုတိယ ဗိုလ်မှူးကြီးစိုင်းဟန် တို့ အပြင် အကြံပေးပုဂ္ဂိုလ် စဝ်ဟန်ယောင်ဟွေ လည်း ပါဝင်သည်။
“နိုင်ငံတော် သမ္မတနဲ့ မနေ့က တွေ့ဆုံတယ်။ ပြည်ထောင်စုနေ့က လက် မှတ် ရေးထိုးတဲ့ ကရင် လက်နက်ကိုင် အဖွဲ့တွေ နဲ့ကျနော်တို့ပါ။ တတိုင်းပြည်လုံး အပစ်ရပ်ဖို့ ပံ့ပိုးကူညီ ကြပါလို့ သမ္မတက တိုက်တွန်းတယ်။ အပစ် ရပ်ရေးမှာ ကျနော်တို့တွေ SD အဖွဲ့နဲ့ ဘယ်လို လက်တွဲ ဆောင်ရွက် မလဲ၊ ဘယ်လို ပံ့ပိုးမှုတွေ လုပ်မလဲပေါ့” - ဟု ဗိုလ်မှူးစိုင်းလှ ကပြောသည်။
ယနေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် နှင့် တွေ့ဆုံရာ တွင်လည်း ငြိမ်းချမ်းရေးကိစ္စ၊ လက်နက်ဖြုတ်သိမ်းရေး DDR ကိစ္စ၊ လုံခြုံရေး အတွက် တပ်ပြည်လည်ဖွဲ့စည်းရေးကိစ္စ ရပ် များ ဆွေးနွေး ကြသည်ဟု လည်း သိရသည်။
တတိုင်းပြည်လုံး အပစ်ခတ် ရပ်စဲ နိုင်ရေး အတွက် တိုင်းရင်းသားတော် လှန်ရေး တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်း ရေး အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီတို့ လာမည့် ဩဂတ်စ် ၆ ရက်နေ့၌ ၉ ကြိမ်မြောက် တွေ့ဆုံဆွေး နွေးရေးအတွက် နှစ်ဘက် ခေါင်းဆောင်များ က ပြင်ဆင် နေကြသည်။
Tags: News, politic


