RCSS အား အကြမ်းဖက်သောင်းကျန်းသူ စာရင်းနှင့် တရားမဝင်အသင်း စာရင်းမှအစိုးရ ပယ်ဖျက်



တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးရန် RCSS လွယ် တိုင်းလျန်းမှ ထွက်ခွါမည်ဟု ကြေငြာသည့်နေ့တွင် အစိုးရဘက်မှလည်း ၎င်းအဖွဲ့အား မတရားအသင်းမှ ပယ်ဖျက်သည့် ကြေငြာချက် ၂ စောင်ထုတ်ပြန် လိုက်သည် ။


အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဥက္ကဌကြီး ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော  RCSS/SSA မှတာဝန်ရှိ ပုဂ္ဂိုလ် များနှင့် လုံခြုံရေးအင်အား ၆၃ ယောက်သည် လွယ်တိုင်း လျန်းမှ နေပြည်တော်သို့ ထွက်ခွါသွားကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့က ကြေငြာချက် တစောင်ထုတ်ပြန် လိုက်သည် ။


အဆိုပါ ကြေငြာချက်တွင် ယခု NCA တွင် လက်မှတ်ရေးထိုးမည်ဆိုပါက ၁၉၄၇ ခုနှစ် ပင်လုံ စာချုပ်သဘောတူညီချုပ်ဆိုခဲ့စဉ်က သမိုင်းသင်ခန်းစာကို ရယူကာ ပြည်တွင်း နိုင်ငံရေး ပြဿနာကို ဖြေရှင်းသွားမည် ဖြစ်ကြောင်း ၊ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်ရန် တဖက်မှတဖက်အပေါ် နိုင်ထက်စီးဆက်ဆံ ဆွေးနွေးကြခြင်းမပြုဘဲ လွတ်လပ်၍ တရာမျှတ မှုရှိစွာဖြင့် အဖက်ဖက်မှ ပါဝင်ညှိနှိုင်းဆွေးနွေးအဖြေရှာ ကြရန်လည်းတိုက်တွန်း ထားသည် ။


အလားတူ အောက်တိုဘာလ ၁၂ ရက်ရက်စွဲဖြင့်ပြင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ် ချုပ်ကြီး ကိုကို အမိန့်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ညာစာ ၂ စောင်ထုတ် ပြန်ရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နှင့် ကျောင်းသားတပ်မတော်  ANSDF တို့အား အကြမ်း ဖက်သောင်းကျန်းသူများစာရင်းမှ လည်းကောင်း RCSS/SSA , KNU, ABSDF တို့အား တရားမဝင်အသင်း အဖြစ်မှသော်လည်း ကောင်းပယ်ဖျက်လိုက်သည်ဟု ပါရှိပါသည် ။ 


လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် အစိုးရနှင့်အတူ  NCA လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားတပ်ဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး  KNU ၊ ကရင် (ငြိမ်း) ကောင်စီ KNLA-PC ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ABSDF ၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ALP ၊ ချင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်  RCSS/SSA တို့ဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates