လူမျိုးစုအတွက် ပြည်နယ်သစ်အရေး - ပြည်ထောင်စုကွဲပျောက်ရေးသို့ ဦးတည်ဟု ခွန်ထွန်းဦးပြော



ပည်နယ်သတ်မှတ်ပြီးသား ပင်မတိုင်းရင်းသားများ၏ တန်းတူအခွင့်ရေးကို မစဉ်းစားပဲ  ပြည်နယ်မရှိသေးသူများ ၏ ပြည်နယ်ပေးရန် တောင်းဆိုမှုများကို ဦးစွာစဉ်းစားမည်ဆိုပါက မြန်မာပြည်သည် ယူဂိုဆလားဗီးယား ပြည်ထောင်စု ကဲ့သို့ ကမ္ဘာ့မြေပုံမှ ပျောက်ကွယ်သွားလိမ့်မည်ဟု သျှမ်းတိုင်းတိုင်းရင်း သားခေါင်းဆောင် ခွန်ထွန်းဦးက သတိပေး ပြောဆိုလိုက်ပါသည် ။


နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ သျှမ်းပြည်တွင်းနေ တိုင်းရင်းသားများ ဖြစ်သော  ၀ ၊ တအာင်း (ပလောင်) ၊ ပအိုဝ်းတို့အပြင်  ပြည်နယ်မရှိသေးသည့် တိုင်းရင်းသားများက ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုသည့်အပေါ် ခွန်ထွန်းဦးက ထိုသို့ သတိပေး ပြောဆိုလိုက်ခြင်းဖြစ်သည် ။


“ ခပ်ရှင်းရှင်းပြောရရင် ပြည်နယ်ပေးလိုက်ရင်တော့ ခရိုင်းမီးယားပြီးရင် ယူဂို ဆလားဗီးယားလို ဖြစ်သွားနိုင်တယ် ။ ယူဂိုဆလားဗီးယား လိုမျိုး မြန် မာပြည်မြေ ပုံ ပျောက်သွားမယ် ” ဟု ခွန်ထွန်းဦးက  ပြောဆိုပါသည် ။


ယူဂိုဆလားဗီးယားပြည်ထောင်စုမှာ စစ်အေးခေတ်ကာလအထိ ဥရောပ ထိပ်သီးနိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နိုင် ခဲ့သော်လည်း မျိုးနွယ်စုဆိုင်ရာ လက်နက်ကိုင်ပြဿနာများနှင့် ပြည်နယ်သတ်မှတ်ရေး ၊ ယင်းမှတဆင့် ခွဲထွက် ရေး တောင်းဆိုမှုများကို ဖြေရှင်းနိုင်မှုမရှိသောကြောင့် ဘော့စနီးယား ၊ ခရိုအေးရှား ၊ ကိုဆိုဗို ၊ ဆားဘီးယား ၊ မွန်တီနီဂရိုး စသဖြင့် နိုင်ငံပေါင်းများစွာ ကွဲထွက်သွားပြီး ကမ္ဘာ့မြေပုံမှပါ ပျောက်ကွယ်သွားခဲ့ဖူးသည် ။


လက်ရှိမြန်မာပြည်၏ ၂၀၀၈ ဖွဲ့စည်းပုံတွင် သျှမ်းပြည်နယ် သံလွင်မြစ် အရှေ့ခြမ်း ဟိုပန် ၊ ပန်ဝိုင် ၊ နားဖန်း ၊ မိုင်းမော ၊ ပန်းဆန်း ၊ မက်မန်း - ၆ မြို့ နယ်အား ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည် ။


“ ၂၀၀၈ ဖွဲ့စည်းပုံကို ဒါကြောင့်ပဲ လက်မခံတာ ။ ဖွဲ့စည်းပုံကိုကြည့်လိုက် သျှမ်း ကိုဦးတည်ဆွဲထားတဲ့ ဖွဲ့စည်းပုံပဲ ၊ ဦးတည်တိုက်ဖို့ ။ မပေးနဲ့ပြောရမလား ၊ ပေး လို့ပြောရမလား - ဒါကစစ်အစိုးရလုပ် သွားတာပဲ ။ ကျနော်တို့ ဘယ်လို ရှင်း မလဲ ။ သျှမ်းပြည်ကိုပေးတဲ့အတွက် သျှမ်းမို့လို့ပြောတယ် ဖြစ်ဦး မယ် ။ မြန် မာပြည်ကြီးကို ခွဲပေးတယ် ဖြစ်နေဦးမယ် ။ ဗမာပြည်ကို ခွဲပေးရင် ဗမာတွေ ဘယ်လိုနေမလဲ ” ဟု ခွန်ထွန်းဦးက မေးခွန်းထုတ်ပါသည် ။


လက်ရှိကျင်းပနေသော ငြိမ်းချမ်းရေးညီလာခံတွင် ၀ ဒီမိုကရက်တစ်ပါတီက လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရ တိုင်း ၆ မြို့နယ်အပြင် သံလွင်အရှေ့ခြမ်း ကျိုင်း တုံ ၊ မိုင်းတုံ ၊ မိုင်းဆတ် အစရှိသည့် မြို့နယ်များအပြင် အနောက်ခြမ်းရှိ တန့်ယန်း ၊ လားရှိုး မြို့နယ်များကိုပါ တွဲလျက် ၀ ပြည်နယ်သတ်မှတ်ပေး ရန် တောင်းဆိုခဲ့သည် ။


လက်ရှိ ၀ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSP/UWSA ၀ တပ်ဖွဲ့ ထိန်းချုပ်ထားသော ဒေသည် ဧရိယာ ၁၇၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ( ရန်ကုန်တိုင်း ဒေသကြီးမှာ စတုရန်း ကီလိုမီတာ ၁၀၀၀၀ သာရှိ ) လူဦးရေမှာ ၃ သိန်းခန့်ရှိ ပါသည် ။  ရုံးသုံးစာအဖြစ် တရုတ် စာ၊ ငွေကြေးကို တရုတ်ယွမ်ငွေ အသုံးပြုပြီး စီးပွါးရေးမှာလည်း တရုတ်နိုင်ငံ နှင့် တိုက်ရိုက် ဆက်သွယ်ရောင်းဝယ်သည် ။


UWSP/UWSA ၀ တပ်ဖွဲ့ခေါင်းဆောင် များကမူ ၀ ပြည်နယ် ရရှိရေးအတွက် အစိုးရသစ်လက်ထက် တွင်လည်း ဆက်လက်တောင်းဆိုသွား မည်ဖြစ်ကြောင်း ၊ ပြည်ထောင်စုကြီးမှ မည်သောအခါမျှ ခွဲထွက်မည် မဟုတ်ကြောင်း မကြာခဏ ပြောဆိုသည် ။


အလားတူ သျှမ်းပြည်တွင်းနေ ပအိုဝ်း ၊ တအာင်းစသည့်လူမျိုးများ၏ အဖွဲ့ အစည်းများမှလည်း  အသီးသီး ပြည်နယ် တောင်းဆို ကြသည် ။ တိုင်းလိုင် (သျှမ်းနီ) ကလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ၄င်းတို့နေထိုင်ရာ ဒေသများကို စုစည်းပြီး ပြည်နယ်သစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိနေပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates