တပ်မတော်မူ ၆ ရပ်ကို ဆက်လက်စွဲကိုင်သွားမယ်လို့ ငြိမ်းချမ်းရေးညီလာခံ၌ ကာချုပ်ကြီးပြော
ပည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံကို နေပြည်တော် ရှိ MICC 2 မှာ ဂျန္နဝါရီ ၁၂ ရက်နေ့က စတင်ကျင်းပရာမှာ ငြိမ်းချမ်းရေးအတွက် တပ်မတော်မှ ချမှတ်ထားတဲ့ မူ ၆ ရပ်ကိုဆက်လက်စွဲကိုင်ကျင့်သုံးသွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းမှာပြောကြားခဲ့ပါတယ် ။
ဖွင့်ပွဲမှာ သမတ ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ မိန့်ခွန်းပြောကြား ရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ် ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြား ရာမှာ - နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေက ပူးပေါင်းပါဝင် လိုတဲ့ ဆန္ဒရှိရင်ပူးပေါင်းလာဖို့ တိုက်တွန်းလိုက်ပြီးတော့ တပ်မတော် အနေနဲ့ ကတော့ ငြိမ်းချမ်းရေးအတွက် တပ်မတော်က ချမှတ်ထားတဲ့ မူဝါဒ ၆ ရပ်ကို ဆက် လက်စွဲကိုင်နေဆဲ ဖြစ်ကြောင်း ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ စစ်မှန်တဲ့ပြည် ထောင်စု စနစ်ကို တည်ဆောက်မယ်ဆိုရင်တော့ DDR-SSA လုပ်ငန်းစဉ်အတိုင်း ဆောင် ရွက် သွားဖို့ ၊ ကမ္ဘာ့ နိုင်ငံအသီး သီးမှာ ကျင့်သုံးနေကြသလိုမျိုး နိုင်ငံတနိုင်ငံမှာ မိမိနိုင်ငံ ကာကွယ်ဖို့အတွက် တပ်မတော်တရပ်ဘဲရှိဖို့ လိုတယ်လို့ ဆိုပါတယ် ။
တပ်မတော်မူ ၆ ရပ်ကတော့ - အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ တပ်သစ် လူသစ် မတိုးချဲ့ဖို့ ၊ လက်နက်ကိုင်ဆောင်သွားလာမယ်ဆိုရင် သတင်းပို့ဖို့ ၊ လူမသတ်ဖို့ ၊ လူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ၊ အစိုးရ အုပ်ချုပ်ရေး ယန္တယားကို အနှောင့်အယှက်မပြုဖို့ ၊ ပြည်သူ့ စစ်တပ်ဖွဲ့ တွေကို မတိုက်ခိုက်ဖို့ စတာတွေပါဝင်ပါတယ် ။
အဲဒီညီလာခံမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း - ငြိမ်းချမ်းရေး အတွက် ခေါင်းဆောင် များနဲ့ အဖွဲ့အစည်းများ သဘောထားကြီးကြဖို့လိုကြောင်း ၊ အချင်း ချင်း စိတ်ရှည်သည်းခံ နားလည်ခွင့်လွှတ် ၊ လေးစား ယုံကြည်မှုတွေ ရိုးသားပွင့်လင်းမှုတွေ မရှိရင်တော့ ငြိမ်း ချမ်း ရေးအတွက် အိပ်မက်တောင် မက်နိုင်ကြမှာ မဟုတ်ပါဘူး - လို့ မိန့်ခွန်းမှာ ပြောဆို လိုက်ပါတယ် ။
အသာစီးရလိုမှုတွေနဲ့ လုပ်ဆောင်ရင်တော့ ငြိမ်းချမ်းရေး လမ်းကြောင်းလွဲသွားနိုင် တယ်လို့လည်း ဆိုပါတယ် ။ မိန့်ခွန်းထဲမှာ သူရဦးရွှေမန်းက စစ်ပွဲအတွင်း နစ်နာခဲ့ရတဲ့ အသက်တွေပါ စတေးခဲ့ရတဲ့ တိုင်းရင်းသားပြည်သူလူထုတွေအကြောင်းကိုပါ ထည့်သွင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ် ။
၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် က - ပြည်ထောင်စုတည်ဆောက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစွာ လုပ် ဆောင်ရမည်ဖြစ်ကြောင်း ၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့များအကြား စိတ်ဝမ်း မကွဲ ဖို့လိုအပ်ပြီး ၊ ၂၁ ရာစုနှင့်ကိုက်ညီသောပင်လုံညီလာခံကို မျှော်လင့်ကြကြောင်း ပြောဆိုခဲ့ ပါတယ် ။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရ ၊ တပ်မတော် ၊ လွှတ်တော် ၊ နိုင်ငံရေးပါတီ ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ၊ လူမှုအသင်းအဖွဲ့များ ၊ ကျွမ်းကျင်ပညာရှင်များ ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ စုစုပေါင်း ၁၀၀၀ ကျော်တက်ရောက်ပါတယ် ။
သို့ပေမယ့် ၀ ၊ မိုင်းလား ခေါင်းဆောင်များအပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တချို့ ကတော့ ဒီညီလာခံဟာ အားလုံးပါဝင်မှုမရှိတဲ့အတွက် တက်ရောက်မှာမဟုတ်ဘူးလို့ ကြေငြာထားပြီးသား ဖြစ်ပါတယ် ။
အားလုံးပါဝင်မှုမရှိတဲ့အတွက်ကြောင့်လည်း တိုင်းရင်းသားပြည်သူလူထု မျှော်လင့်ကြတဲ့ အတိုင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရနိုင်သလို စစ်မှန်တဲ့ပြည်ထောင်စုကိုလည်း တည် ဆောက်နိုင်ဦးမှာမဟုတ်ဘူးလို့ လည်း ပြောဆိုနေကြပါတယ် ။
Tags: News, politic