တိုက်ပွဲများရပ်တန့်ရေး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် သျှမ်းပါတီကြီး ၂ ခုတိုက်တွန်းတောင်းဆို



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ၊ မန်တုံမြို့နယ်အတွင်းတွင်ဖြစ်ပွါးနေသော တိုက်ပွဲများ ၊ စစ်ဘေးရှောင်များနှင့်ပတ်သက်၍ သျှမ်းပါတီကြီး ၂ ခုဖြစ်သော ကျားဖြူနှင့် ကျားခေါင်းပါတီတို့က အသီးသီး တိုက်တွန်းတောင်းဆို လိုက်သည် ။

SNLD  ကျားခေါင်းပါတီ၏ ကျောက်မဲမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စိုင်းထွန်းအောင်မှ အဆိုတင်သွင်းနေစဉ်
SNDP ကျားဖြူပါတီ၏ ထုတ်ပြန်ကြေငြာချက်
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက် ကကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျောက်မဲမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် စိုင်းထွန်းအောင်က တိုက်ပွဲများ ၊ စစ်ဘေးရှောင်များနှင့်ပတ်သက်၍ ဆွေးနွေးကြရန် အဆိုတင်သွင်းရာ အစည်းအဝေးတက်ရောက်သူ ၄၀၀ ကျော်၏ထောက်ခံ မှုဖြင့် လွှတ်တော်ဥက္ကဌက အဆိုပြုချက်ကို အတည်ပြုပေးခဲ့သည် ။


ဖေဖော်ဝါရီလ ၁၇ ရက်တွင် ၎င်းနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည် ။


အလားတူ ဖေဖော်ဝါရီ ၁၇ ယနေ့မနက်တွင်မူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီ SNDP မှလည်း - တိုက်ပွဲကြောင့် စစ်ဘေးရှောင်များတနေ့တခြား များပြား လာသည့်အပေါ် အနာဂတ်တွင်ဖြစ်ပေါ်မည့် နိုင်ငံရေး စီးပွါးရေး လူမှုရေး ပြသနာများ ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့အစည်းများက တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာ ကြရန် တိုက်တွန်းသည့်ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည် ။


SNDP စည်းကမ်းထိန်းသိမ်းရေးကော်မတီ ၏ ထုတ်ပြန်ချက်တွင်အချက် ၄ ချက်ပါရှိပါ သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates