ကျောက်မဲရှိ စစ်ဘေးရှောင်များအရေး သျှမ်းပြည်နယ်လွှတ်တော် တွင်ဆွေးနွေး



ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အား ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင်စတင်ကျင်းပ ခဲ့ပါသည် ။

 ဖေဖော်ဝါရီ ၂၅ က စတင်သည့် ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး
အစည်းအဝေးကို အစီအစဉ် ၁၄ ခုဖြင့် ကျင်းပခဲ့ပြီး ကျောက်မဲမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) မှ SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် မှ သျှမ်းပြည် မြောက် ပိုင်းတွင်ဖြစ်ပွါးနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးရန် အရေးကြီး အဆိုတင်သွင်းခဲ့ ပါသည် ။


" စစ်ဖြစ်တဲ့ဒေသမှာ အစိုးရတပ် , RCSS , TNLA , KIA စတဲ့အဖွဲ့တွေ လှုပ် ရှား တယ် ။ ဘယ်အဖွဲ့ ကကျူးလွန်တယ်လို့တော့ ကျနော်တို့က မမြင်ရတဲ့ အတွက်ကြောင့် အတိအကျ ပြောလို့မရပါဘူး ၊ ဒါပေမဲ့ ဒေသခံပြည်သူ လူထု ကို စစ်ပွဲတွေမှာ ဒိုင်းအဖြစ် အသုံးချတယ် ။ လူထုတွေကို သတ်ဖြတ်တာတွေ နေအိမ်မီးရှို့တာတွေ ပစ္စည်းလုယက်တာတွေလုပ်တယ် ။ ဒါတွေဟာ နိုင်ငံတကာ ဥပဒေ ၊ စစ်ဥပဒေနဲ့လုံးဝ မကိုက်ညီပါဘူး ၊ သျှမ်းပြည်နယ် လွှတ်တော်ကနေအပြင်းအထန် ကန့်ကွက်သင့် ပါတယ် ။ ဒါကြောင့်ဒီအဆိုကို ကျနော်က လွှတ်တော်မှာ အရေးကြီးအဆို တစ်ရပ်အနေနဲ့ တင်သွင်း ခဲ့တာပါ " ဟု စိုင်းဉာဏ်ထွန်း က ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်းတွင် RCS/SSA နှင့်TNLA ၊ KIA ကြားဖြစ်ပွားသော တိုက်ပွဲများနှင့်ပတ်သက်၍ အဆိုပါအရေးကြီးအဆိုတင်သွင်းရာတွင် သီပေါမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၁) မှ SNLD ပါတီ ကိုယ်စား လှယ် ဒေါ်နန်း စမ်းစမ်းအေး ၄င်းအဆိုကိုထောက်ခံခဲ့ပြီး ယင်းအရေးကိစ္စအား ဖေဖော်ဝါရီ ၂၆ ရက်နေ့ သောကြာနေ့တွင် သျှမ်းပြည်နယ်လွှတ်တော်မှ ဆက် လက်ေ ဆွးနွေး မည်ဖြစ်ကြောင်း သိရသည် ။


လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် စစ်ဘေးသင့် ဒုက္ခ သည် ပေါင်း လေးထောင်နီးပါး ရှိနေပြီဖြစ်ပြီး ဒုက္ခသည်စခန်း ၂၀ နေရာ တွင် ခိုလှုံနေကြကြောင်း ၊ စစ်ဘေးသင့်သူအများစုမှာ မန်းကွန်း ကျေး ရွာအုပ်စု ၊ တော့ဆန်ကျေးရွာ အုပ်စု ၊ ညောင်မောင်းကျေးရွာအုပ်စု ၊ ပန်စံကျေးရွာ အုပ်စု ဖြစ်ပြီး စစ်ဘေးသင့်ရွာမှာ ရွာပေါင်း ၅၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည် ။


အဆိုပါ စစ်ဘေးသင့်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း အတွက် သျှမ်းပြည် နယ် အစိုးရအဖွဲ့မှ အပြည့်အဝ ကူညီပေးနိုင်ရန်လည်း တိုက်တွန်းထားကြောင်း စိုင်းထွန်းဉာဏ်က ဆက်လက်ပြောပြပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates