မြန်မာ့အမြင့်ဆုံး ဥပဒေအား RCSS/SSA ချိုးဖေါက်နေဟု ကာကွယ်ရေးဝန်ကြီးဌာန စွပ်စွဲ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲမှာ - RCSS/SSA သျှမ်းပြည် တပ်မတော်သည် NCA စာချုပ် ချိုးဖေါက်သည် ၊ ဒို့တာဝန်အရေးသုံးပါးကို ထိပါးနှောင့်ယှက်နေသည် ဟု ကာကွယ်ရေးဝန်ကြီးဌာန က ၂၃ ရက်နေ့က နိုင်ငံပိုင် သတင်းစာ မှတဆင့် စွပ်စွဲလိုက်သည် ။
![]() |
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ RCSS/SSA သတင်း
|
တိုက်ပွဲများကြောင့် ဒေသခံ လေးထောင်ကျော် စစ်ဘေးစစ်ဒဏ်သင့်ကာ နေရပ်မှ တိမ်းရှောင်နေရပါ သည် ။
ထို့အတွက်ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနက TNLA တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော်ကို အကြမ်းဖက်အဖွဲ့ဟု စွပ်စွဲပြီး သျှမ်းပြည်တပ်မတော် RCSS/SSA အားလည်း ဒို့တာဝန်အရေးသုံးပါး နှင့် လူထုအသက်အိုးအိမ်စည်းဇိမ်များအား ထိပါးစေသည့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ) အခန်း ၁ အရ တပ်မတော် အနေဖြင့် နယ်မြေ ရှင်းလင်းသွားမည်ဟု ဆိုသည် ။
လားရှိုးရောက် SSPP/SSA အရာရှိတဦးက - အခု ရှမ်းပြည်တောင်ပိုင်း က နေ ရမခ စစ်တိုင်း ထိမ်းချုပ်နယ်မြေဘက်ကို စစ်ကားအစီးပေါင်း ၈၀ ကျော် အင်အားထပ်ဖြည့်နေတယ် ။ ခိုလမ်ကနေ ကျေးသီး ၊ မိုင်းရယ် မှတဆင့်ပေါ့ ။ သံချပ်ကာကားတွေလဲ ပါတယ် - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အာစီအက်အက်စ် ပြောခွင့်ရများနှင့် ဆက်သွယ်သော်လည်း လက်ခံဖြေကြား ပေးခြင်းမရှိပေ ။
Tags: News, politic


