၂၁ ရာစု ပင်လုံညီလာခံကြီးအတွက် RCSS နှင့် KNU ခေါင်းဆောင်တို့ ဆွေးနွေး



ဧပြီလ ၃၀ ရက်မှ မေလ ၂ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး တို့၏ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုပြုခဲ့ကြသည် ။


၃ ရက်တာဆွေးနွေးပွဲတွင် ၂၁ ရာစုပင်လုံညီလာခံကြီး ကျင်းပရေး ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက်အပေါ်ဆွေးနွေးညှိနှိုင်း အစီအစဉ်ချမှတ်ခဲ့ကြကြောင်း ဆိုပါသည် ။


အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအတိုင်ပင်ခံ  ဦးခွန်စိုင်းက ဤကဲ့သို့ပြောသည် ။


“ ဒီ ၂ ဖွဲ့က ၁၉၉၆ ကတည်းက မဟာမိတ်တွေလေ ။ သူတို့အမြဲတွေ့နေကျဘဲ ။ အခုတွေ့ဆုံမှုက ချင်းမိုင်မြို့မှာ  Federal သင် တန်းရှိ မယ် ။ အဲတာအတွက်ဆွေးနွေးတယ် ။ နောက်ပြီးတော့ ၂ ဖွဲ့လုံးရဲ့ခေါင်းဆောင်က EAO ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဦး ဆောင် အဖွဲ့မှာ အဖွဲ့ခေါင်းဆောင်နဲ့ ဒုအဖွဲ့ခေါင်းဆောင်တွေလေ ။ သူတို့ကို မတ်လကတည်းက ရွေးကောက်တင်မြောက်ပြီး ကတည်းက မတွေ့ရသေးတော့ အခုတခေါက်ပြန်တွေ့ကြတာပါ ။  အဓိကကတော့ ၂၁ ရာစုပင်လုံညီလာခံကြီး ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက်အပေါ်ဆွေးနွေးညှိနှိုင်း အစီအစဉ်ချမှတ်ကြတာဖြစ်တယ် ” - ဟု ဦးခွန်စိုင်းကပြောသည် ။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် နှင့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့အား  ၂၀၁၆  မတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မြောက် NCA လက်မှတ်ရေးထိုးထားသည့် EAO  အဖွဲ့ထိပ်သီးအစည်းအဝေး ၌ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO-PPST ကို ဦးဆောင်သွားရန် ရွေးကောက်တင်မြောက်ခဲ့ခြင်းဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates