သျှမ်းပြည်နယ် အစိုးရမှ ဆိုင်းငံ့မိန့်ထုတ်ထားသော်လည်း ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ ညီလာခံ ကျင်းပသွားမည်



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ပင်လုံမြို့ ပြည်ထေင်စု သမိုင်းဝင် ပင်လုံကျောက်တိုင်ဝင်း အတွင်း၌ ဂျူလိုင် ၂၇ ရက် မှ ၃၁  ရက်နေ့အထိ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်ညီလာခံ အား ကျင်းပပြု လုပ်ခြင်းမရှိဘဲ ဆိုင်းငံ့ ထားရန် သျှမ်းပြည်နယ်အစိုးရ မှ တားမြစ်ထားသော်လည်း စီစဉ် ထားသည့်အတိုင်း ကျင်းပ သွားမည်ဟု သိရသည် ။

 မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာ ခံဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရ စိုင်းဆိုင်မိန်းအား သျှမ်းသံတော်ဆင့်မှ တွေ့ဆုံမေးမြန်းစဉ်

အဆိုပါညီလာခံအား သျှမ်းပြည်နယ်အစိုးရ ၀န်ကြီးချုပ်ကိုယ်စား ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ဂျူလိုင် ၂၅ ရက်နေ့ ရက်စွဲဖြင့် ဆိုင်းငံ့မိန့်ချထား၏။ သည့်အတွက် ပြည် ထောင်စု တိုင်းရင်း သားအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အနာဂတ် လူငယ်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိ ခိုက်မှု၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းမှ သွေဖီသွားနိုင်မှု ရောက် သွားနိုင်ကြောင်း ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးထံ  စာတင်ခဲ့ကြောင်း ပြောဆိုကြသည် ။


ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့် ရှိသူစိုင်းဆိုင်မိန်း က - “ညီလာခံက ဆက်လုပ်ရ မှာ ဘဲ ။ ဘာဖြစ်လဲဆိုတော့ ပြည်ထောင်စုနိုင်ငံက သူတို့ဘဲချစ်တတ်တာမဟုတ်ဘူး ။ တိုင်းရင်းသား တွေ လည်း ချစ် တတ်တယ် ။ ဒါကြောင့် ယုံကြည်ထားတယ်။ ပြည်ထောင် စုမြန်မာနိုင်ငံဆိုတာ ငါတို့နိုင်ငံဘဲ ။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားတွေလည်းချစ်တတ်တယ် ။ ဒါကြောင့် ကျနော်တို့ ဆက်လုပ်မယ် နှစ်ဘက်စလုံး ထိခိုက်မှုမရှိအောင်တော့ အရမ်းသတိထား ရတယ်” ဟု ၄င်းကပြောသည် ။


ပင်လုံမြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်ညီလာခံ ကျင်းပရန် အတွက် အဆင် သင့်ဖြစ် နေပြီးဖြစ်ကြောင်း ၊ ဂျူလိုင် ၂၇ ရက် နံနက် ၉ နာရီတွင် စီစဉ်ထားသည့်အတိုင်း ညီလာခံတက်ရောက်ရန် ပြည်ထောင်စု တဝှမ်းလုံးတိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များလည်း စုံစုံညီညီရောက်ရှိနေပြီ ဖြစ် ကြောင်းသိရသည် ။


ကျင်းပခွင့်ဆိုင်းငံ့ကြောင်း အမိန့်စာထွက်ထားသော်လည်း ၂၆ ရက်နေ့လည်ပိုင်းတွင်မူ ကျင်းပခွင့်ပြုကြောင်း သျှမ်းပြည်နယ်အစိုးရရုံးက ဖုန်းဆက်အကြောင်းကြားသည်ဟု သတင်းများပြန် လည်ထွက်ရှိလာသည့် အပေါ် - ပြောခွင့်ရ စိုင်းဆိုင်မိန်းက အောက်ပါအတိုင်း သျှမ်းသံတော်ဆင့် အား ပြောပြသည် ။


" ကျင်းပခွင့်ပြုတယ်ဆိုတဲ့သတင်းတွေထွက်နေတာလည်းကြားရတယ် ။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ အတည်မပြုနိုင်သေးဘူး ။ ကျနော်တို့ ဒီခွင့်ပြုမိန့်နဲ့ပတ်သက်ပြီး ဘာမှမပြောလိုတော့ဘူး ။ ကျနော်တို့လည်း ဒီဒေသတွင်း အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်သွားမယ် ။"


“ ကျနော်တို့ဘက်ကတော့ တာဝန်ကျေတယ် ။ အစိုးရဆီမှာ ခွင့်တောင်းတာ အရင်လကတည်းက ။  ဒါကြောင့် ကျနော်တို့ ယုံကြည်တယ် ၊ ကျနော်တို့ဘက် ကတော့ ဥပဒေအတိုင်းလုပ်တယ်ဆိုတာ ယုံကြည်တယ် ၊  ကျင်းပခွင့်ဆိုင်း ငံ့တာတို့ ခွင့်ပြုတာတို့ ဘယ်သူက ဆုံးဖြတ်လဲဆိုတာ ကျနော်တို့ မသိရဘူး ၊   ဒါပေမယ့် ကျနော်တို့ဘက်ကတော့ ကျင်းပဖို့ အားလုံးအဆင့်သင့်ဖြစ်နေပြီ ” ဟု စိုင်းဆိုင်မိန်းက သျှမ်းသံတော်ဆင့် သို့ပြောသည် ။


တိုင်းရင်းသားလူငယ် ညီလာခံ ပြုလုပ်ရခြင်းသည် ၂၁ ရာစု ပင်လုံညီလာခံ အတွက်နှင့် ပြုလုပ်ရခြင်း မဟုတ်ဘဲ ညီလာခံပြုလုပ်ရန်အတွက် ၂၀၁၂ မှ စတင်ပြီးပြင်ဆင်လာခြင်းဖြစ်ကြောင်း ၊ ထို့ကြောင့် ပြီးမြောက်အောင်မြင် အောင် ကျင်းပရမည်ဖြစ်ကြောင်း ၊  ၂၁ ရာစု ပင်လုံညီလာခံတွင် လည်း နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားလူငယ်များ၏အသံကို နားထောင် လိမ့်မည်ဟု မျှော်လင့်ထာကြောင်း  တိုင်းရင်းသား လူငယ်ညီလာခံ ဖြစ်မြောက်ရေးက်ာမတီ စိုင်းဆိုင်မိန်း ကပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates