NCA စာချုပ်လက်မှတ်မထိုးသေးသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အဆင့်မြင့် ကိုယ်စားလှယ် တော်ကြီးများ နှင့် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ရက်ပိုင်းအတွင်းတွေ့မည်
နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် လာမည့်ရက်ပိုင်းအတွင်းတွေ့ဆုံရန် NCA စာချုပ်လက်မှတ်မထိုးသေးသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်ကြီး လေးဦး ရွေးချယ်ထားသည်ဟု သိရသည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA မှ ဗိုလ်ချုပ်ကြီးဆေထဲင်၊ ကချင်လွတ် လပ်ရေး တပ်မတော် မှ ဗိုလ်ချုပ်ကြီး အန်ဘန်းလ |
“ အခု ဒီမှာလဲ အစည်းအဝေးလုပ်နေတယ်။ ဘာတွေ ဆွေးနွေးမလဲ ဆိုတာ ဆွေးနွေးထားတယ် ။ အဓိက ကတော့ လာမယ့် နောက်ဆုံးပတ်အတွင်းမှာ မိုင်ဂျာယန်မှာ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးပါဝင်တဲ့ အစည်းအဝေးကြီးလုပ်ဖို့ ။ အဲဒီမှာအတွက် ဒေါ်စု အနေနဲ့ ဘယ်လိုသဘောထားရှိလဲပေါ့ ၊ တိုင်းရင်း သားတွေအနေနဲ့ ၂၁ ပင်လုံ အတွက် ပြင်ဆင်ရမယ်လေ ” - ဟု အစည်းအဝေး တက်ရောက်သူ အရာရှိတဦးကပြောသည် ။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် UNFC မဟာမိတ်တပ်ဖွဲ့ဝင်များ ချင်းမိုင်မြို့၌ ဂျူလိုင် ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးနေကြသည် ။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်မှ နှုတ်ထွက် ခွင့်တောင်းထားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ မြန်မာတိုင်း ရင်းသားများဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့တို့ တက်ရောက်ခြင်း မရှိပေ ။
Tags: News, politic