အစိုးရ ၂၁ ပင်လုံ ပြင်ဆင်ရေးကော်မတီနဲ့ DPN ကိုယ်စားလှယ်အဖွဲ့ တို့ ဆွေးနွေးမှုများကို ရလဒ်အနေဖြင့်သာ မှတ်တမ်းတင်



အစိုးရ ၂၁ ပင်လုံ ပြင်ဆင်ရေးကော်မတီနှင့် UNFC တပ်ပေါင်းစု DPN ကိုယ်စားလှယ်အဖွဲ့ တို့တွေ့ဆုံဆွေးနွေး ပွဲတွင် ခေါင်းစဉ်  အားလုံးရလဒ်ကောင်းသော်လည်း ဆုံးဖြတ်ချက် အနေဖြင့် မဟုတ်ပဲ ရလဒ်အနေအထားဖြင့် သာ မှတ်တမ်းတင်ထားကြောင်း DPN ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်ကပြော သည် ။


“ ခေါင်းစဉ် ၈ ခုမှာအားလုံးကတော့ ရလဒ်ကောင်းပါတယ် ။ အခုဆုံးဖြတ်ချက်အနေနဲ့မဟုတ်သေးဘဲနဲ့ frame work တွေလုပ်ပြီးတဲ့နောက်မှပဲဆုံးဖြတ်ချက်တွေ အတည်ပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အခုအချိန်မှာတော့ သဘောတူထားပြီးသားဖြစ်သော်လည်းပဲ ရလဒ်ဆိုတဲ့အနေအထားမျိုး နဲ့ပဲမှတ်တမ်းတင်ထား တာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်ကပြောသည် ။


ထို့အတူ DPN အဖွဲ့၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ လည်း ဗိုလ်ချုပ်ဂွမ်မော်က “တောင်းဆိုချက်တွေ ကတော့ အများကြီးမရှိပါဘူး။ အရင်ကျနော်တို့ ရှစ်ဖွဲ့လက်မှတ်ထိုးခဲ့တဲ့အပေါ်မှာကော နောက် MPC ရဲ့ NCCT ဆွေးနွေးချက်တွေမှာကော ကျန်ခဲ့တဲ့မရှင်းလင်းတဲ့အချက်တွေ ပြီးတော့ လူသားချင်း စာနာမှုကိစ္စတွေနဲ့ တကယ်လို့တစ်စုံတရာ NCA မှာအခက်အခဲကြုံလာရင်ဘယ်လိုဖြေရှင်းကြမလဲ။ နောက် JMC ကို ဘယ်လို ထပ်ပြီးအားကောင်းအောင်လုပ်မလဲဆိုတဲ့ အပိုင်းတွေအဓိကထားဆွေးနွေးကြပါတယ်”ဟု ပြောဆိုခဲ့သည် ။


ဆွေးနွေးပွဲကျင်းပနေစဉ်အတွင်း ယမန်နေ့ တပ်မတော် ကိုယ်စားလှယ် ဦးခင်ဇော်ဦးမှ ကိုးကန့် တအာင်း ရခိုင်အဖွဲ့များအား လက်နက်စွန့်ရန် ဆန္ဒရှိကြောင်း ကြေငြာချက်ထုတ်မှ ၂၁ ပင်လုံ ညီလာခံပေးတက်မည် ဆိုသည့် ကိစ္စအပေါ် မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်ဟု သိရသည် ။


ဒေါ်စုကလည်း တရုတ်ရောက်နေတော့ ဒီကလူတွေက တန်းမဆုံးဖြတ်နိုင်ဘူး ဒါကြောင့် နည်းနည်းကြာ သွားတာ ဟု အမည်မဖော်လို သူအစည်းဝေးတက်ရောက်သူ တစ်ဦးကလည်းပြောသည် ။


အဆိုပါ ဆွေးနွေးပွဲဆွေးနွေးချက်များကို ရလာဒ်များအဖြစ် သာထားရှိပြီး ထပ်မံညှိနှိုင်းရမည့်အချက်များကို နောင်တွင် ဆွေးနွေးနိုင်မည်ဟုထင်ကြောင်း သြဂုတ် ၂၁ နှင့် ၂၂ ရက်များတွင် မူဘောင်သုံးသပ်ခြင်း အစည်း အဝေးပွဲရှိ ကြောင်း DPN အဖွဲ့လည်း တက်ရောက်မည်ဖြစ်ပြီး၊ ညီလာခံကျင်းပရန်အတွက် အများစုပြင် ဆင်ပြီးဖြစ် ကြောင်း ဦးလှမောင်ရွှေကပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates