NCA စာချုပ်လက်မှတ်မထိုးရသေးသည့် UNFC အဖွဲ့ဝင် ရ ဖွဲ့လုံး ၂၁ ပင်လုံညီလာခံတက်ရန် ရန်ကုန် တွင်တွေ့ဆုံဆွေးနွေး



နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် သျှမ်းပြည် တပ် မတော်မြောက်ပိုင်း ၊ ကချင်လွတ်မြောက်ရေးတပ်မတော်အပါဝင် UNFC တပ်ပေါင်းစု မှ အဖွဲ့ ၇ ဖွဲ့ မှာ သြဂတ်စ်လ ၃၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာ ခံ ဖွင့်ပွဲသို့ တက်ရောက်ရန်  ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရသည် ။


အဆိုပါ အဖွဲ့ ၇ ဖွဲ့ အနေဖြင့်   ညီလာခံကျင်းပရေးပူးတွဲကော်မတီ တွင် ပါဝင်ခွင့်ရပါက အားလုံး တက်ရောက်နိုင်မည့် အနေအထားဖြစ်နေကြောင်း ခေါင်းဆောင်များကဆိုပါသည် ။


' ကျနော်တို့အားလုံး တက်ရောက်နိုင်ဖို့ကြိုးစားနေတယ်။ တက်ဖြစ်ရင် ရ ဖွဲ့စလုံး တက် ဖြစ် မယ်။ သျှမ်းပြည်တပ်မတော် SSPP အနေနဲ့ကော သီးသန့်အဖွဲ့တွေအနေနဲ့ပါ ဆိုလိုတာပါ။ တက်ရောက် နိုင်ဖို့လည်းအခြေအနေကောင်းလာနေပြီလို့ ဆိုနိုင်တယ်။ ' ဟု UNFC  မှ ဖွဲ့စည်းထားသော နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ DPN မှ ဒုတိယ ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်စိုင်းထူး က ပြောသည် ။


အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ခူးဦးရယ်ကမူ ' ကျနော်တို့ ညီလာခံကျင်းပရေး ကော်မတီ မှာ ပါဝင် ပူးပေါင်းခွင့်ရပြီဆိုရင် တက်ဖို့အနေထားကပိုပြီးသေချာပါတယ် ' ဟု ညနေပိုင်းက ကျင်းပသည့်သတင်းစာရှင်းလင်းမှုတွင် ပြောသည် ။


သြဂတ်စ်လ ၂၁ ရက်နေ့က ပြုလုပ်သည့် ဆွေးနွေးမှုများတွင် အစိုးရ၏ ၂၁ ပင်လုံပြင် ဆင် ရေး ကော်မတီ ၊ DPN နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုမူဘောင်နှင့် ၂၁ ပင်လုံတွင် အပစ်မရပ်သေးသည့် အဖွဲ့များပါဝင်နိုင်မှု အပေါ် ဆွေးနွေး ခဲ့ခြင်းဖြစ်သည် ။


တရုတ်နယ်စပ်အနီးမှ မဟာမိတ် တိုင်းရင်းသားအဖွဲ့  ၃ ဖွဲ့ဖြစ်သည့် တအာင်းပလောင် ၊ ကိုးကန့် MNDAA ၊ AA  ရက္ခိုင့်တပ်မတော်တို့နှင့်ပတ်သက်၍မူ တက်ရောက်ခွင့်ရှိမရှိ အတိအကျ မပြောနိုင်သေးပဲ အစိုးရနှင့် တပ်မတော်ထိပ်တန်းခေါင်းဆောင်များညှိနှိုင်းနိုင်မှု တွင် မူတည်မည်ဖြစ်ပြီး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ယမန်နေ့ ညနေပိုင်းက တရုတ်ပြည် မှ ပြန်လည်ရောက်ရှိခဲ့သည် ။


တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတမှ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အတွက်ကူညီမည်ဟု ကတိပြု ခဲ့သည် ။


သြဂတ်စ် ၃၁ တွင် ကျင်းပမည့် ညီလာခံမှာ နိုင်ငံရေးအရဆွေးနွေးဆုံးဖြတ်မှု များ ပြုလုပ်မည် မဟုတ်ပဲ နိုင်ငံရေး စာတမ်းဖတ်ကြားခြင်း တင်ပြခြင်းတို့ ကိုသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး ယင်းနောက် ပိုင်းကျင်း ပသည့် ဒုတိယမြောက် ညီလာခံတွင် နိုင်ငံလုံးဆိုင်ရာအပစ်မရပ်သေးသည့်အဖွဲ့ များမှာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးရန် လိုအပ်လာမည်ဖြစ်သဖြင့် နိုင်ငံ ရေးအရ အာမခံနိုင်မှုနှင့် လွတ်လပ်စွာ ဆွေးနွေးနိုင်မှုများအပေါ် ညှိနှိုင်းလျက်ရှိနေကြကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates