NCA သည်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက်ပထမခြေလှမ်း - ၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပြော



တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) သည်ငြိမ်းချမ်းရေးအတွက် သာမက တိုင်းရင်းသားအားလုံးရှည်ကြာစွာမျှော်မှန်း ခဲ့သောဒီမိုကရေစီဖယ်ဒရယ်ပြည် ထောင်စုတည် ဆောက်ရေးအတွက်ပထမဆုံးခြေလှမ်းဖြစ်ကြောင်း၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊၂၁ရာစုပင်လုံညီလာခံကျင်းပရေးဗဟိုကော်မတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က သြဂတ်စ်လ(၃၁) ရက်နေ့ တွင် စတင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံညီလာခံ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည် ။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲကိုနေပြည်တော်ရှိ MICC-2 တွင် စက်တင်ဘာလ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံရေးဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်ရာတွင် (NCA) ကိုအခြေခံ ၍ဆောင်ရွက်သွားမည်ဖြစ်ရာ အစိုးရ သစ်လက်ထက်တွင် (NCA) လက် မှတ်ထိုးရန်ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပါဝင် လာနိုင်ရန်အထူးအလေးထားဆောင်ရွက်လျှက်ရှိသည်ဟုလည်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည် ။


" ကျမတို့တိုင်းရင်းသားအချင်းချင်းကြားမှာနားလည်မှုလွဲမှားတာတွေစိတ်ဝမ်းကွဲမှုတွေမရှိစေဖို့ ဘုံသဘောတူညီချက်ဖြစ်တဲ့ (NCA) ရဲ့ထီးရိပ်အောက်မှာ အားလုံးရောက်ရှိလာအောင်ကျမတို့ကြိုးစား ဆောင်ရွက်နေပါတယ် " ဟု ၄င်းကဆက်လက်ပြောသည် ။


ယင်းအပြင်အဆိုပါညီလာခံဖွင့်ပွဲနေ့တွင်ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း ကချင် လွတ်လပ်ရေးအဖွဲ့ချုပ် ဒုဥက္ကဌ အနေဖြင့် အဖွင့်မိန့်ခွန်း ပြော ကြားရာတွင် တိုင်းရင်းသားအားလုံးတန်းတူရည်တူ၊ အေးအတူပူအမျှ ယှဉ်တွဲနေ ထိုင် နိုင်ရန်၊တစ်ဦးနှင့်တစ်ဦး၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးအပြန်အလှန် အသိအမှတ်ပြု ကြပြီး၊ အပြန်အလှန် ပူးပေါင်းဆောင် ရွက်ကြရန်၊မျှဝေ ခံစားကြရန်နှင့် သာစေနာစေ မဟုတ်ပဲညီအစ်ကို မောင်နှမစိတ်ဓါတ် (သို့မဟုတ်) ပြည်ထောင်စု စိတ်ဓါတ် ကိုမွေးမြူကြရန် အလွန်အရေးကြီး ကြောင်း လည်း ထည့်သွင်းပြောကြား ခဲ့သည် ။


၎င်းက"ဟိုးတုန်းကကျနော်တို့ပြောခဲ့တဲ့ဖယ်ဒရယ်ပြည်ထောင်စုဟာစုဖွဲ့ပြီးအေးအတူ၊ပူအမျှယှဉ်တွဲနေထိုင်ဖို့ဖြစ်သလိုအခုကျနော်တို့ပြောတဲ့ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟာလည်းခွဲထွက်ရေးမဟုတ်ဘူးဆိုတာကိုပြောလိုပါတယ် " ဟုလည်းမိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည် ။


အဆိုပါဖွင့်ပွဲတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်းနှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံနှင့် ဆက်လက် ကျင်းပမည့် အစည်း အဝေးများ တွင်လည်း (NCA) ကိုသာအခြေခံမှုအဖြစ်ဆက်လက် ထားရှိ ဆောင် ရွက် သွား ရန် လိုအပ် ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လိုအပ်တာ ထက်ပိုမို အချိန်ကြာ လျှင် ဘေးပယောဂ များ၊၀င်ရောက်စွက် ဖက်မှုများ၊ကြိုးကိုင်ခြယ် လှယ်လိုမှု ပိုမိုများလာနိုင်ပြီး ရှိရင်း စွဲယုံကြည်မှုတည်ဆောက်ပြီးသော အရာ များပျောက် ပျက်နိုင်ကြောင်း၊ ပွန်းတိုက်မှုများပြား လာနိုင်ကြောင်းလည်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည် ။


ယင်းအပြင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ ကျနော်တို့အားလုံးရဲ့ဆန္ဒ ကတိုင်းရင်းသားပြည်သူ အားလုံးအတွက်ညီညွတ်မျှတတဲ့လူမှုစီးပွား ဘဝ လုံခြုံရေးနဲ့အာမခံချက်ရရှိရေးဟာအဓိကဖြစ်ပါတယ် “ ဟုလည်းထည့် သွင်းပြောကြားခဲ့သည် ။


ယင်းညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့်တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များမှ စုစုပေါင်း ရ၅၀ ကျော်တက်ရောက်ကြပြီး ပြည်တွင်းပြည်ပမှ လေ့လာသူ အပါအဝင် ညီလာခံတက်ရောက်သူ တစ်ထာင်ကျော်ရှိကြောင်းသိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates