၂၁ ရာစု ပင်လုံညီလာခံကနေ ဝ ကိုယ်စားလှယ်များနှုတ်ထွက်
![]() |
| နေပြည်တော် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းနှင့်အတူတွေ့ရသော ၀ အဖွဲ့ကိုယ်စား လှယ် ခေါင်းဆောင် |
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ပြည်ပဆက်ဆံရေးဌာနမှ ဦးဆာမ်မာလာနှင့် ဦးကျော်လှတို့ ဦးဆောင်သည့် အင်အား ၆၀ ရှိ ၀ ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းက ညီလာခံဆက်မတက်တော့ဘဲ အစည်းအဝေးခန်းမှ နှုတ်ထွက်သွားကြပြီဟု ဆိုသည် ။
“ ဘာ့ကြောင့်ပြန်သွားလဲ ဆိုတာ မသိဘူး။ အားလုံးတော့ ပြန်သွားပြီ။ ၀ အဖွဲ့တွေအင်အား ၆၀ လောက် ရှိမယ်” - ဟု နေပြည်တော်ရောက် သျှမ်းသံေ တာ် ဆင့်သတင်းထောက် နန်းဆိုင်ဖူးက ပြောသည် ။
အဆိုပါ ၀ တပ်ဖွဲ့ကိုယ်စားလှယ်များ ညီလာခံမှ ထွက်ခွါသွားသည့် အကြောင်း ရင်းမှာ ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက သတင်းထောက်များအား ဤကဲ့သို့ပြောပြသည် ။
၎င်းတို့အဖွဲ့များ တည်းခိုခန်းမှ နေရပ်သို့ ပြန်မသွားသေးလျှင် ညီလာခံပြန် လည်တက်ရောက်ပေးပါရန် ညီလာခံဖြစ်မြောက်ရေးကော်မတီမှ သွားရောက်တောင်းပန်မည်ဟုလည်းဆိုသည်။ ပြားသွားပေးဖို့ လုပ်ဆောင်နေ ချိန်ကြား ကာလမှာ လတ်တလောဝင်ခွင့်ရရေး လေ့လာသူကတ်ပြားပေးခဲ့လို့ နားလည် မှုလွဲခဲ့တာဖြစ်တယ်” - ဟုပြောသည် ။
၎င်းတို့အဖွဲ့များ တည်းခိုခန်းမှ နေရပ်သို့ ပြန်မသွားသေးလျှင် ညီလာခံပြန် လည်တက်ရောက်ပေးပါရန် ညီလာခံဖြစ်မြောက်ရေးကော်မတီမှ သွားရောက် တောင်းပန်မည်ဟုလည်းဆိုသည် ။
ဩဂတ်စ် ၃၁ ရက်နေ့ မှစ၍ ကျင်းပလာသော ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ သည် စက်တင်ဘာလ ၄ ရက်နေ့၌ ပြီးစီးမည်ဖြစ်သည် ။
အဆိုပါညီလာခံသည် တိုင်းရင်းသား အားလုံး စုံစုံညီညီတက်ရောက် ခွင့်မရ သည့် အတွက် ဟုဆိုကာ သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး ကလည်း ညီလာခံတက်ရောက်ခြင်းမရှိပေ ။
Tags: News, politic


