နေပြည်တော်၏ ၂၁ ရာစုပင်လုံညီလာခံတွင် NCA လက်မှတ်ထိုးနှင့် မထိုးသည့်အဖွဲ့ ခွဲခြားဆက်ဆံ ခံရ
![]() |
| ညီလာခံအတွင်းက မြင်ကွင်း |
စက်တင်ဘာ ၂ ရက် ၂၀၁၆ တွင် တတိယနေ့အဖြစ် ဆက်လက်ကျင်းပေ နသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ သို့တက်ရောက်သည့် တိုင်းရင်းသားခေါင်းဆောင်များကထိုသို့ ပြောကြားခြင်းဖြစ်သည် ။
သျှမ်းပြည်တပ်မတော်SSPP/SSA ၏ နာယက ဗိုလ်ချုပ်ကြီးဆေထဲန်က - “တန်းတူမှုမရှိဘူး ကြည့်လိုက်လေ ထိုင်ခုံတွေတောင်လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့တောင်မတူဘူးလက်မှတ်ထိုးတဲ့အဖွဲ့က ရှေ့မှာထိုင်ရတယ်။ ထိုင်တဲ့နေရာတောင် တန်းတူမှုမရနိုင်ဘူး ။ရှေ့ဆက် နိုင်ငံရေးကို ဘယ်လိုသွားမလဲကျနော်တောင် သဘောမပေါက်ဘူး ။ ထိုင်ခုံမှ မဟုတ်ဘူး။ တခြားလည်း အဲ့လိုဘဲ ပြောဆိုဆက်ဆံမှုကအစ ” ဟု ၄င်းကပြောသည် ။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးစိုင်းငင်း က- ၂၁ ရာစု ပင်လုံညီလာခံသည် တန်းတူရည်တူ ဆက်ဆံမည်ဟု ယုံကြည် သဖြင့် တက်ရောက်လာခြင်းဖြစ်ကြောင်း သို့သော်လည်း ထဲထဲဝင်ဝင်ကြည့် မည်ဆိုလျှင် တန်းတူရည်တူဆက်ဆံမှုမရှိဘဲ ခွဲခြားဆက်ဆံမှု တွေ့နေ ရကြောင်း သျှမ်းသံတော်ဆင့်သို့ဤကဲ့သို့ပြောသည် ။
“ဘယ်လို့လဲဆိုတော့ သူတို့ နာမည်ရေးမယ်ဆိုရင် တပ်မတော်ဘက်ဆိုရင် သူတို့ စစ်ရာထူးတွေ ထည့်မယ် ။ တိုင်းရင်းသားခေါင်းဆောင်တွေဆိုရင် သူတို့ ရာထူးတွေမထည့်ပါဘူး။ ဒါကို ကြည့်ခြင်း အားဖြင့် ကိစ္စသေးေ သး လေးတောင် တန်းတူဆက်ဆံတာမရှိဘူးဆိုရင် တကယ့် နိုင်ငံရေးေ ဆွး နွေးမယ်ဆိုရင် ဖက်ဒရယ်အကြောင်း ဆွေးနွေးမယ်ဆိုရင် တန်းတူမှုပိုပြီးတော့ မရှိဘူးလို့- အဲ့ဒါလည်း ကျနော် တင်ပြလိုက်တယ်။ စစ်မှန်တဲ့ ပြည်ထောင်စု ဖက်ဒရယ်ကို တည်ဆောက်မယ်ဆိုရင်ဒီလို ကိစ္စသေးသေးလေးကအစ တန်းတူမှုရှိရမယ်၊ ဒီအကြောင်း နဲ့ ပတ်သက်ပြီး ညီလာခံ ဖွင့်ပွဲနေ့ကကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီး အင်ဘန်လလည်း ပြောသွားတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက သျှမ်းသံတော်ဆင့် ကိုပြောသည် ။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ညီလာခံတွင် ပါဝင်သင့်ပါဝင်ထိုက် ပုဂ္ဂိုလ် ပြည်ေ ထာင်စုအင်စတီ ကျုဒါ ရိုက်တာ ဦးခွန်စိုင်း က -“ဥပမာ ဘာကိစ္စလည်းဆိုတော့ အမျိုးမျိုးပေါ့ နံပါတ် ၁ က စစ်ရာထူးပေါ့ --နောက်တစ်ခု ကဒီအဖွဲ့ကို ဖိတ်မယ်။ ဒီအဖွဲ့ကိုမဖိတ်ဘူး အဲ့ဒါတွေလည်း တစ်ခုပေါ့။ ဒီဟာတွေ ခွဲခြားဆက်ဆံတယ် လို့ သူတို့ခံစားမိတယ်။ သို့သော်လည်း အချင်းချင်းယုံကြည်မှုတည်ေ ဆာက်မယ်ဆိုရင်လာမယ့် ၆ လအတွင်း နောက်ထပ်ညီလာခံမဖြစ်မချင်း ဒီကိစ္စကိုဖြေရှင်းနိုင်မယ့်လို့ မျှော်လင့်တာပေါ့” ဟု ၄င်းကပြောသည် ။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ခေါင်းဆောင်များနှင့် ဂျူလိုင်လဆန်းပိုင်းက တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်က - "၂၁ ရာစုပင်လုံညီလာခံကိုလည်း အပစ်အခတ်ရပ်စဲရေး မထိုးတဲ့လူတွေကိုလည်း တက်နိုင်တဲ့အနေအထားမျိုး ကိုဖန်းတိးချင်တယ်။ ဒါမယ့်တန်းတူညီတူတော့ အခွင့်အရေး ပေးလို့မရဘူး။ ဒါကတော့ လက်တွေ့ကျပါတယ်။ ဘာလို့လဲ ဆိုတော့ လက်မှတ်မထိုးတဲ့ အတူတူဘဲဆိုရင်တော့ ဘယ်သူကထိုးတော့ မှာလဲ။" - ဟုပြောဆိုခဲ့သည် ။
၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့တက်ရောက်ပြီး တစ်နိုင်ငံလုံး ပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၈ ဖွဲ့ရှိပြီး လက်မှတ်မထိုးသည့်အဖွဲ့ ၁၃ ဖွဲ့ရှိသည်။ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားလက်နက် ကိုင် ၃ ဖွဲ့ တက်ရောက်ခွင့်မရခဲ့ပါ။ညီလာခံ ဒုတိယနေ့တွင် UWSA ဝ ပြည်သွေးစ ည်းညီညွတ်ရေးတပ်မတော်က လည်း ညီလာခံသည် တန်းတူမှုမရှိဟုဆိုပာ နှုတ်ထွက်သွားခဲ့ကြောင်းသိရသည် ။
Tags: News, politic


