ယနေ့ ၂၁ ရာစု ပင်လုံညီလာခံ မှ နိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်ရေး RCSS /SSA မျှော်လင့်
နပြည်တော်တွင် လက်ရှိကျင်းပနေဆဲဖြစ်သောပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအပြီးတွင် ကျယ်ပြန့်သည့် နိုင်ငံရေးဆွေးနွေးပွဲများဆက်လက်ပေါ်ပေါက်လာမည်ဟု မျှော်လင့်ကြောင်း သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော်RCSS /SSAက မျှော်လင့်ကြောင်းသိရှိရသည် ။
" ဒီညီလာခံဟာ အားလုံးကအဆင်သင့်ဖြစ်ပြီးတော့မှ လုပ်တဲ့ညီလာခံမဟုတ်တဲ့အတွက် ကြောင့်တစ်စုံတစ်ခုအဖြေထွက် ဖို့ဆိုတာတော့မရှိပါဘူး ။ ဒါပေမဲ့ ကျတော်တို့မျှော်လင့်ထားတာတော့ရှိတယ် ။ဒီညီလာ ခံပြီးသွားရင် အမျိုးသားအဆင့်နိုင် ငံရေးဆွေးနွေးပွဲတွေ ၊ ပြည်နယ်အဆင့်နိုင်ငံရေးဆွေး နွေးပွဲတွေ ၊လူမျိုးအ လိုက်နိုင်ငံရေးဆွေးနွေးပွဲတွေခေါင်း စဉ်အလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေကျယ်ကျယ် ပြန့်ပြန့် ဖြစ်သွားမယ်" - ဟု ဦးခွန်စိုင်းက ပြောသည် ။
RCSS/SSA သည် ဦးသိန်းစိန်လက်ထက်ကတည်းကအစိုးရနှင့် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့်ဖွဲ့ဖြစ်သည် ။
ပြည်ထောင်စုကြီးသည် အောင်မြင်မှုမရှိသော စနစ်ပေါင်းစုံ၏ဆိုးကျိုးကိုလည်းတွေ့ကြုံခံစားခဲ့ရပြီ ဖြစ်သဖြင့် ယခုထပ်မံဆွေးနွေးဖော်ထုတ်ကြမည့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍လည်း အနှစ်သာရကို ထိထိမိမိ ရေးဆွဲပြဌာန်းနိုင်ရန် ၊လက်တွေ့လိုက်နာအကောင်အထည်ဖော်သွားရန်သတိကြီးကြီးထားရှိကြရမည်ဖြစ်ကြောင်း RCSS/SSA က ညီလာခံတွင် စာတမ်းဖတ်ကြားတင်ပြခဲ့သည် ။
ထို့ပြင် ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုအရေးဆွေးနွေး ကြရာတွင် အရှိတရားနှင့် အမှန်တရားကို သတ္တိရှိရှိ လက်ခံသွားနိုင်ရန်လိုအပ်ပြီး ပုံသဏ္ဍာန် ငြိမ်းချမ်းရေးမဟုတ်ပဲ အနှစ်သာရပြည့်ဝသော ငြိမ်းချမ်းရေးဖြစ်ထွန်းလာ စေရန်အပြန်အလှန်ယုံကြည်မှု ၊ နိုင်ငံရေးအရ တန်းတူဆွေးနွေးပြောဆိုခွင့် ၊ လေးစားလိုက်နာမှု၊ အသိအမှတ်ပြုမှု ၊ ချစ်ခင်ရင်းနှီးမှု များဖြင့်လည်း ဆွေးနွေး ပြောဆိုသွားကြရန်လိုအပ်သည်ဟူသောအချက် များကိုလည်း ထည့်သွင်းဖတ်ကြားခဲ့သည် ။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ၃၁ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ညီလာခံသို့အစိုးရ၊ လွှတ်တော်၊တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များများနှင့်အရပ်ဖက်အဖွဲ့အစည်းများအပါအဝင် စုစုပေါင်း ရ၅၀ ကျော်၊ပြည်တွင်းပြည်ပမှ လေ့လာသူတစ်ထောင်ကျော်ညီလာခံတက်ရောက်ခဲ့ပါသည် ။
Tags: News, politic


