UWSA ၀ တပ်ဖွဲ့အပေါ် ညီလာခံမှ ခွဲခြားဆက်ဆံခြင်းလုံးဝမရှိဟု ညီလာခံကျင်းပရေးကော်မတီပြောဆို



ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယနေ့အစည်းအဝေးမှ ၀ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA ကိုယ်စားလှယ်များ နှုတ် ထွက်သွားသည်မှာ နားလည်မှုလွဲမှား သောကြောင့် ထွက်သွားခြင်း သာဖြစ်ပြီး ညီလာခံတွင် နည်းပညာအရ အနည်းငယ်ချို့ယွင်း ခြင်းသာဖြစ်ကြောင်း၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေးကော်မတီကပြောသည် ။

ဝ ကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁ ရက်နေ့ညနေပိုင်းက သတင်းသမားများအား သတင်းစာရှင်းနေကြစဉ်

စက်တင်ဘာလ ၁ ရက် ညနေပိုင်းက သတင်းသမားများအား ဦးလှမောင်ရွှေ၊ စိုင်းကျော်ညွန့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ဇော်ဦး၊ ဒေါက် တာ ဆလိုင်းလျန်မှုန်းဆခေါင်း နှင့် သမ္မတရုံးက ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဌေး တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ တွင် ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆခေါင်း ကပြောဆိုခဲ့သည် ။


"ကျနော်တို့ညီလာခံအနေနဲ့ UWSA ၀အဖွဲ့အပေါ်မှာ နိုင်ငံရေးအရ၊ လူမျိုးေ ရး အရ၊ အဖွဲ့အစည်းအရ ခွဲခြားဆက်ဆံထားခြင်းလုံးဝမရှိဘူး။ သတ်မှတ် ထားတဲ့နေရာမှာ မတည်းဘဲ တစ်ခြားမှာသွားတည်း တော့ ကဒ်ထုတ်ပေးတဲ့နေ ရာမှာ နားလည်မှုလွဲတာဖြစ်ပါတယ်။ " ဟုရေးပူးတွဲကော်မတီဝင်တစ်ဦး ဖြစ်သောဒေါက်တာဆလိုင်းလျန်မှုန်းဆခေါင်းကပြောသည် ။


လေ့လာသူကဒ်ထုတ်ပေးခြင်းအပေါ်တန်းတူညီမျှမှုမရှိဟုဆိုကာညီလာခံဒုတိယနေ့အစည်းအဝေးမွန်းလွဲပိုင်းတွင် UWSA ၀ အဖွဲ့မှညီလာခံဆက်မတက်တော့ ပဲအစည်းအဝေးခန်း မှထွက်ခွာသွားခြင်းဖြစ် သည် ။


နောက်နောင် ဒီထက် နိုင်ငံရေးဆွေးနွေးပွဲ သွားသည့် အခါမျိုးတွင် UWSA တပ်ဖွဲ့မှ တာဝန်ရှိသည့် ပုဂ္ဂိုလ်များ အဆုံးအဖြတ်ပေးနိုင်မည့် တာဝန်ရှိ ပုဂ္ဂိုလ်များ အနည်းဆုံး ဗဟို ကော်မတီအဆင့်ရှိသည့် ခေါင်းဆောင်များ လွှတ်ပေးပါက အလုပ်လုပ်ရသည့်နေရာတွင် ပိုမိုလွယ် ကူနိုင်ကြောင်း ပြော သည် ။


“သူတို့အနေနဲ့ ဒီလောက်ကြီးမားတဲ့ ပြည်ထောင်စု အတိုင်းအတာ နဲ့ ဆောင် ရွက် တဲ့ နိုင်ငံတော်မှာရှိတဲ့ ခေါင်းဆောင်အားလုံးပါဝင်ပြီးတော့မှ ပူးပေါင်း ဆောင်ရွက်တဲ့ ညီလာခံလိုဟာမျိုး သူတို့အနေနဲ့ တန်ဖိုးရှိရှိ ပါဝင်ပေးနိုင်ဖို့ ပြီးတော့ တကယ် အဆုံးအဖြတ်ပေးနိုင် ခေါင်းဆာင်တွေ တက်ရောက် လို့ရှိရင် ဒီနေ့လို ပြသာနာမျိုး ချက်ချင်းပြေလည်မှာ”ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောသည် ။


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ကိုယ်စားလှယ် ၆၀ ကျော် အား ပြည်ပဆက်ဆံရေးဌာနမှူး ဦးကျော်လှ က ဦးဆောင်လာကြောင်း၊ ၄င်းတို့အဖွဲ့ကိုယ်စား စာတမ်းတင်သွင်းရန်အချိန် ပေးထား သော်လည်း စာတမ်းဖတ်ကြားခြင်းမရှိဘဲညီလာခံမှ မွန်းတည့်ချိန်ခန့်က နှုတ်ထွက် သွားခြင်းဖြစ် ကြောင်း သိရှိသည် ။


၂၁ ရာစုပင်လုံညီလာခံကို ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကျင်းပနေခြင်းဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates