သျှမ်းပြည် လစ်လပ်မဲဆန္ဒနယ်များတွင် အနိုင်ရမည်ဟု ခွန်ထွန်းဦးယုံကြည်



လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်များအတွက် ယှဉ်ပြိုင်မှုများတွင် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် အနိုင်ရရှိမည်ဟု ယုံကြည်ထားကြောင်း ပါတီခေါင်းဆောင် ခွန်ထွန်းဦးက ပြောသည်။


“အနိုင်ရမယ်လို့ ယုံကြည်တယ်။ NLD တို့ ပြည်ခိုင်ဖြိုးတို့ ပြိုင်လင့်ကစားပေါ့လေ။” ဟု ခွန်ထွန်းဦးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်ပြောသည်။


ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်တွင် လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မိုင်းရှူးနှင့် ကျေးသီးမဲဆန္ဒနယ်များလည်း ပါဝင်ပါသည်။


ကျားခေါင်းပါတီအနေဖြင့် မိုင်းရှူးဒေသတွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ယခုရက်ပိုင်းအတွင်း အရှိန်မြင့်လုပ်ဆောင်နေပြီး မဲစာရင်း မကျန်စေရန်အတွက် သျှမ်းလူမှု အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။


“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ကျားခေါင်းပါတီ မဲပေးစို့” ဆောင်ပုဒ်ဖြင့် မဲဆွယ်နေသလို အာဏာရ  NLD ပါတီမှလည်း “ခေတ်စနစ်သစ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့ ” ဆိုသည့် သျှမ်းဘာသာဖြင့် ရေးသားထားသည့် ဆောင်ပုဒ်ဖြင့် မဲဆွယ်နေသည်ဟု သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates