NCA လုပ်ငန်းစဉ်အလုပ်မဖြစ်သောကြောင့် ငြိမ်းချမ်းရေးလမ်းစဉ်အသစ်ရှာကြံရန် ဝ ဥက္ကဌပေါက်ယူချန် တိုက်တွန်း



UWSA ပန်ဆန်းဌာနချုပ်၌ ကျင်းပသည့် တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းများ ထိပ်သီးအစည်းအဝေးတွင် ၀ ခေါင်းဆောင် ပေါက်ယူချန်းက ‘ပြည်တွင်းစစ် ပွဲများ မှာလည်း NCA ဆွေးနွေးခြင်းကြောင့် ရပ်စဲနိုင်ခြင်းမရှိ၊ … ဤထိပ်သီးအစည်းအဝေးသည် ငြိမ်းချမ်း ရေးဖြစ်စဉ်တခုလုံးကို ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းရေးလမ်းစဉ် အသစ်ကိုရှာကြံရန် ဖြစ်သည်” - ဟု ပထမ ရက်အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းထားသည်။

ဓါတ်ပုံ- ၀ ဥက္ကဌ ပေါက်ယူချန်နှင့် ၀ ထိပ်သီးခေါင်းဆောင်များပုံ

ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေး သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး စတင်သည့် ပထမ နေ့ တွင် ဥက္ကဌ ဦးပေါက်ယူချန်းက - ဝေဝေဝါးဝါးဖြစ်နေသည့် ပင်လုံစိတ်ဓါတ်၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုဖို့၊ ဒီမိုကရေစီအရေး၊ တန်းတူရေး၊ လွတ်လပ်ရေး ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် အမျိုးသားပြည်ထောင် စုစနစ် အပေါ် အသုံးချခံမဖြစ်စေရန် တိကျသော နိုင်ငံရေးဝေါဟာရများဖွင့်ဆိုထားဖို့၊ NCA စာချုပ် သည် တိုင်းရင်းသားအဖွဲ့အစည်းများ သုံးခြမ်းဖြစ်သွားအောင် ပိုင်းခြားလိုက်သောကြောင့် စုပေါင်းအ ဖြေရှာရန်၊ နိုင်ငံရေးဆွေးနွေးမှုတွင် မြန်မာအစိုးရမှ သွေးခွဲဆွေးနွေးလေ့ရှိမှု မခံရလေအောင် မည်သို့ သဘောတူညီမှုရယူမည် စသည်တို့ အချက်လေးချက်ပါ ဆွေးနွေးတိုက်တွန်းထားသည်။


“ ဝ တပ်ဖွဲ့ကနေ တင်သွင်းတဲ့ ၂၁ မျက်နှာရှိတဲ့ စာတမ်းကို ကြည့်ရင် ဝ တပ်ရဲ့သထောထားကို ထင် ထင် ရှားရှားတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်လုပ်လာတဲ့ NCA လုပ် ငန်း စဉ်ကို အမွေဆက်ခံလုပ်လာတယ်။ အသစ်တီထွင်တာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဗမာ ခေါင်းဆောင်တွေအားလုံးက တိုင်းရင်းသားအပေါ် ထားတဲ့ မူဝါဒ သဘောထားက မူလအ တိုင်းဘဲ ဘာမှမပြောင်းလဲဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်နေတဲ့ ၂၁ ရာစုပင်လုံ ဆိုတာက လဲ ၁၉၄၇ ပင်လုံကတိကဝတ်ကို ဖျောက်ဖျက်ဖို့ဘဲ - လို့ ဝ ခေါင်းဆောင်တွေက မြင်နေတယ်” - ဟု တက်ရောက် သူ အရာရှိကြီးတဦးကပြောသည်။


ဖေဖေါ်ဝါရီ ၂၂ -၂၄ ရက်နေ့အထိ သုံးရက်ကြာ ထိပ်သီးအစည်းဝေးတွင် ပင်လုံစိတ်ဓါတ်အဓိပ္ပာယ် ဖွင့်ဆိုချက်၊ နိုင်ငံရေးဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက်၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပေါ်သဘော ထားများ နှင့် မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် နည်းဗျူဟာများ စသည့်အချက် များ အပေါ် သဘော ထား ရယူသွာမည်ဟု ဝ တပ်ဖွဲ့က ပြင်ဆင်ထားသည်။


အဆိုပါ တတိယ အကြိမ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထိပ်းသီးအစည်းအဝေး အား မိုင်းလား တပ်ဖွဲ့နှင့် ဝ တပ်ဖွဲ့တို့က စုပေါင်းကမကထပြုကျင်းပ ခြင်းဖြစ်ပြီး၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် KIA TNLA MNDAA AA တို့ အပြင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တက်ရောက်ပြီး မွန်ပြည်သစ်ပါတီ MNSP နှင့် ကရင်နီတိုးတက်ရေးပါတီ KNPP တို့က တက်ရောက်ခြင်းမရှိပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates