လွှတ်တော်ရုံး သီးသန့်ဝန်ထမ်း ပြောင်းလဲခန့်အပ်သွားရန် သျှမ်းပြည်နယ် လွှတ်တော် ဉက္ကဌ ပြော



လွှတ်တော်ရုံး အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား လွှတ်တော်ရုံးသီးသန့်ဝန်ထမ်း အဖြစ် ခန့်အပ်ထားရှိသွားနိုင်ရန် သျှမ်းပြည်နယ်လွှတ်တော်  ဥက္ကဋ္ဌ စိုင်းလုံဆိုင်က ယနေ့ ပြန်လည်စတင် သည့် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။


လက်ရှိ သျှမ်းပြည်နယ်လွှတ်တော် အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ချုပ်ရေးရုံးမှ လာသည့် ဝန်ထမ်းများဖြစ်ကြကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင် သန်း ညွှန်ကြားထားချက်အရ သျှမ်းပြည်နယ် လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလည်း လွှတ်တော်ရုံးသီးသန့် ဝန်ထမ်းထားရှိရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ဆိုသည်။


“ဦးမန်းဝင်းခိုင်သန်းက ဖေဖေါ်ဝါရီ တုန်းက သျှမ်းပြည်လာတယ်။ အဲဒီတုန်းက သျှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ နဲ့ တွေ့တုန်းက ပြောတယ်။ ဒီနှစ်မကုန်ခင် ပြောင်းလဲခန့် အပ်သွား နိုင်မယ်ထင်တယ်။ အထွေထွေ အုပ်ချုပ်ရေးရုံးဝန်ထမ်းကနေ လွှတ်တော်ရုံး ဝန်ထမ်း အဖြစ် အပြီးပြောင်းလာကြမလား။ ဒါမှမဟုတ်အသစ်ခန့်အပ်မလား ဆိုတာပေါ့” - မိုးနဲမြို့ ပြည်နယ် လွှတ်တော် အမတ် စိုင်းမွန်းလိန် က ပြောသည်။


လက်ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံးအတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၁၀ ဂဏန်းသည်အထွေထွေအုပ်ချုပ်ရေးရုံးမှဝန်ထမ်းများဖြစ်သည့်အားလျော်စွာ ယခင်စစ်အစိုးရခေတ်က ခန့်အပ် ထားသည့် ဝန်းထမ်းအများစု ဖြစ်သည်။


သျှမ်းပြည်နယ်၏  ဒုတိယ အကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး အားမတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိကျင်းပမည်ဖြစ်သည်။ မတ် ၂၀ ရက်နေ့ စတင်သည့် အစည်းအဝေးတွင် လင်းခေးမြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းအောင်မျိုးကျော်က ကတ္တရာလမ်း ခင်းရေးဆိုင်ရာကိစ္စ၊ ကျောက်မဲမြို့ မှ စိုင်းထွန်းဉာဏ်က မြို့နယ်အလိုက်ဘတ်ဂျတ်မျှမျှတတ ခွဲဝေမှုဆိုင်ကိစ္စများအပါအဝင် လာမည့်ရက်တွင်လည်း ဆက်လက်ဆွေးနွေးဖွယ်ရှိသည်ဟု ဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates