သျှမ်းပြည်နယ်ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက်အစိုးရပြင်ဆင်နေ



သျှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကို တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ဧပြီလ (၂၃ ) ရက်နေ့ မှ (၂၅) ရက်နေ့ အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးစိုးစိုးဇော်ကပြောသည် ။


" အဓိကကတော့ နိုင်ငံရေး ၊ စီးပွားရေး ၊ သယံဇာတနဲ့ သဘာဝပတ် ၀န်းကျင်ဆိုင်ရာ တွေမှာ ကျနော်တို့ နိုင်ငံမှာ ဘယ်လို ဖယ်ဒရယ်စနစ်  မျိုး နဲ့သွားမလဲ။ အခြားနိုင်ငံတွေက ဘယ်လို ဖယ်ဒရယ်စနစ်နဲ့သွားသလဲ ကျနော်တို့ဖြစ်သင့်တာ ဘာတွေဖြစ်မလဲ။ တိုင်းရင်းသားတွေနဲ့ ပါတီတွေက တင်ပြတဲ့စာတမ်းတွေကို ကျနော် တို့က ဖော်ထုတ်သွားမှာဖြစ်ပြီး ပြည်ထောင်စုအဆင့်ကို တင်ပြမယ့် စာတမ်း သုံးစောင် ထွက်ရှိမှာဖြစ် ပါတယ် " ဟု ၄င်းကရှင်းပြသည် ။


နိုင်ငံရေး ၊ စီးပွားရေး ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်းများအား သျှမ်း/တောင် ၊ သျှမ်း/မြောက် ၊ သျှမ်း/အရှေ့တွင်ရှိသော တိုင်းရင်းသား ကိုယ်စားလှယ်များ ၊  ပါတီများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ အခြားဖိတ်ကြားထားသော ပုဂ္ဂိုလ်များ ၊  CSO  ၊ NGO စသည့် အဖွဲ့အစည်း များအား ဖိတ်ကြားထားပြီး စာတမ်းဖတ်ကြားတင်ပြမည်ဖြစ်ကြောင်း ၄င်းထံမှဆက်လက်သိရသည် ။


ဧပြီလ  ၂၀  ရက်နေ့တွင်မူ သျှမ်းပြည်နယ်ရှိမြို့နယ်အားလုံး မြို့နယ်အဆင့်စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရှိရပါသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates