သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရသည့်တောင်ကြီးမြို့တွင်ဒေသအလိုက်အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲအားရက်ပိုင်းအတွင်းကျင်းပမည် - တက်ရောက်ရန်RCSS/SSA အဆင့်သင့်မရှိသေး



သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရသည့်သျှမ်းပြည်နယ်မြို့တော်တောင်ကြီးတွင်ရက်ပိုင်းအတွင်းဒေသအလိုက်အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမည်ဖြစ်သည့်အတွက်တက်ရန်ဖိတ်ကြားခံရသည့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော်RCSS/SSA အနေဖြင့်အဆင်သင့်မရှိသေးဟုသိရသည်။


ဒေသအလိုက်အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ဧပြီ ၂၃ ရက်မှ ၂၅ ရက်ထိ တောင်ကြီးမြို့တွင်၃ ရက်တာကျင်းပမည်ဖြစ်ရာတက်ရောက်ရန်သျှမ်းနိုင်ငံရေးပါတီများနှင့်သျှမ်းလက်နက်ကိုင်အဖွဲ့များပါဝင်သင့်ပါဝင်ထိုက်သော အဖွဲ့အစည်းအချို့အားအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာနကကမ်းလှမ်းဖိတ်ခေါ်လာခဲ့ခြင်းဖြစ်သည်။

“ဒေသအလိုက်ဆိုတော့တိုင်းရင်းသားပေါင်းစုံလာတက်မှာ။ကျနော်တို့ကသျှမ်းအမျိုးသားအဆင့်မကျင်းပရသေးတော့လူထုဆန္ဒမရသေးဘူး။လူထုဆန္ဒမရရင်ဒေသအလိုက်အဆင့်သွားတက်လည်းမထူးဘူးလေ။၂၁ရာစုပင်လုံဒုတိယအကြိမ်မှာတောင်သွားပြီးအခက်တွေ့ဦးမှာဘဲ။ဒါကြောင့်သျှမ်းအတွက်သပ်သပ်လုပ်ဖို့ကျနော်တို့ညှိနှိုင်းနေဆဲ” -ဟု RCSS/SSA  ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။


၎င်းနှင့်ပတ်သက်ပြီးအစိုးရဘက်မှတက်သုတ်ရိုက်စီစဉ်လုပ်ဆောင်လာသည့်အပေါ်ပြီးပြည့်စုံသောအောင်မြင်မှုရနိုင်မှာမဟုတ်ကြောင်းသျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်းပြောသည်။


“အဲ့တော့သူတို့လုပ်မယ့်အစီအစဉ်လုပ်မယ့်ပရိုစီဂျာမသိရသေးပါဘူး။ SNLD ကိုလည်းဒီနေ့ဒီအချိန်အထိဖိတ်ကြားထားတာမရှိသေးပါဘူး။ဒါကြောင့်ကျနော်တို့တက်မယ်မတက်ဘူးဆိုတာဖိတ်ကြားတဲ့လူအပေါ်မှာဘဲမူတည်ပါတယ်” - ဟုပြောခွင့်ရစိုင်းလိတ်ကပြောသည်။


ထို့အပြင်ဧပြီ၁၉ရက်ကသျှမ်းပြည်နယ်အတွင်းမြို့နယ်အသီးသီးကခရိုင်ရဲ့ညွှန်ကြားချက်ဖြင့်မြို့နယ်ထွေအုပ်ရုံးမှသက်ဆိုင်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ဒေသခံအကြီးအကဲများအားဖိတ်ကြားကာအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များရှင်းပြခဲ့သေးသည်ဟုလည်းဒေသခံများပြောပြချက်အရသိရသည်။


သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုတောင်ကြီးမြို့သို့မဟုတ်ပြည်ထောင်စုသမိုင်းဝင်ပင်လုံမြို့တွင်ကျင်းပခွင့်ရရေးသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းတပ်မတော်ကဖေဖော်ဝါရီလတင်ပြတောင်းဆိုထားသော်လည်းအစိုးရနှင့်တပ်မတော်တို့ကခွင့်မပေးပဲမိုင်းပန်မြို့သို့မဟုတ်သျှမ်းပြည်အရှေ့ပိုင်းထိုင်းနယ်စပ်မိုင်းထော့၊မိုင်းထားတို့တွင်သာကျင်းပရန်ပြောဆိုသည့်အတွက်သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ခြင်းမရှိသေးပေ။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates