ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲတွင် မဲပေးရန် ဒုံကင်ပြား အခက်တွေ့



သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် လစ်လပ်နေသည့် လွှတ်တော်ကိုယ်စားလှယ်နေရာ ၃ ခု အတွက် မဲလာပေးသူ ရ၀ ရာခိုင်နှုန်းရှိသဖြင့် ကျေနပ် အားရမှုရှိသည်ဟုပြောနိုင် မိုင်းနောင်မြို့နယ် ခွဲဘက်တွင် မဲပေးခြင်းဆိုင်ရာ ဗဟုသုတ အားနည်းနေသေးသည် သိရသည်။


“ဒေသခံလူထု စိတ်ဝင်စားမှုတော့ရှိတယ်လို့ပြောနိုင်တယ်။ မဲလာပေးတာတော့အားလုံးမဟုတ်ဘူး။ တချို့တဝက် လာတယ်။ ရ၀ ရာခိုင်နှုန်းလောက်လာပေးတယ်။ ကျေးသီးမှာအားရမှုရှိတယ်။ လူနည်းတဲ့ ရပ်ကွက် ဆိုရင်တော့ မဲပေးလို့တောင်ပြီးပြီ။ ” - ဟု ကျေးသီးလူငယ်ခေါင်းဆောင် စိုင်းအွတ်က ပြောသည်။


မိုင်းနောင်မြို့နယ်ခွဲတွင်မူ ကျေးလက် မဲပေးရန်တုံကင်ပြား မရသဖြင့် မဲရုံသို့လာရောက်စောင့်ဆိုင်း နေသူလည်းရှိနေကြောင်းသိရသည်။


“ မဲပေးဖို့ပညာပေးမှုနည်းပါးနေသေးတာလို့ ဆိုနိုင်ပါတယ်။ နားကန်းအုပ်စုက ကော်မရှင်အတွင်းရေးမှူး ကနေ တုံကင်ပြားတွေကို ရွာသားလက်ထဲကိုပေးလိုက်တော့ ရွာသားတွေကမသိဘူးလေ။ တွေ့တဲ့သူကို သူတို့ကသွားဝေပေးတာ။ ဆိုတော့အမှန်တကယ်မဲပေးရမယ့်သူ ၃၀ ကျော်က တုံကင်ပြားမရှိဘဲ မဲရုံမှာလာ စောင့်နေတာတွေလည်းရှိတယ်။ တချို့ကလည်း မိမိတုံကင်ပြားကို မဲပုံးထဲထည့်လိုက်တယ် အဲလိုတောင်ရှိ တယ်။ အဲလိုအသေးအမွှားတွေကအစ ဗဟုသုတတွေပေးရဦးမယ် ရွာသားတွေကို ။” - ဟု ကျားခေါင်း ပါတီမှ လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းကပြောသည်။


ကျေးသီးမြို့နယ် အတွင်းတွင် မဲရုံ ၅၈ ရုံတွင် မဲဆန္ဒရှင် ၅ သောင်းကျော်ရှိပါသည်။ ထိုဒေသများ သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက မိုင်းရှူးဒေသခံ မဲဆန္ဒရှင် ၅ သောင်းကျော်များနည်းတူ မဲပေးပိုင်ခွင့် လှစ်ဟင်း သူ များဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates