အပစ်ရပ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ၏ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်တော် လှန်ရေး ထိပ်သီးခေါင်းဆောင်များ ချင်းမိုင်မြို့တွင်ယနေ့တွေ့ဆုံဆွေးနွေးကြသည်။
အစက အရေးပေါ်အစည်းအဝေးဆိုပေမယ့် အခုအနေအထားကနေ တို့ပုံမှန်အစည်းအဝေးပုံစံအတိုင်း တွေ့ဆုံဆွေးနွေးသွားမယ်- ဟု အစည်းအဝေးတွင် ဗဒိုစောကွယ်ထူးဝင်းကပြောသည်။
အစည်းအဝေးအစီအစဉ်အရ အဖွဲ့ဝင်အသီးသီးမှ အဆိုများတင်သွင်းခြင်းဆွေးနွေးခြင်း၊ UPDJC နှင့် UPC ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ကိစ္စ၊ UNFC – DPN ကိစ္စရပ်များ ဆွေးနွေးကြမည်ဟုဆိုပါသည်။
အဆိုပါအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများငြိမ်းချမ်းရေး လုပ် ငန်းစဉ်ဦးဆောင်အဖွဲ့ PPST မှ ခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ခွန်ဥက္ကာ ဒေါက်တာဆလိုင်းလျှံမုန်း စသည့်ခေါင်းဆောင်များ တက်ရောက်ကြသည်။
Tags: News, politic