ငြိမ်းချမ်းရေးဖြစ်စဉ်တွင် NCA လက်မှတ်မရေးထိုးထားသူများပါဝင်ရန် အရေးကြီးဟု ခေါင်းဆောင်များပြော
အနာဂတ်ဖယ်ဒရယ်နိုင်ငံတည်ဆောက်နိုင်ရန်အတွက် NCA လက်မှတ်မရေးထိုးရသေးသော သက် ဆိုင် ရာအစုအဖွဲ့ များဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများပါဝင်ရန် အရေးကြီး ကြောင်း လက်နက်ကိုင်အဖွဲ့အစည်း များ၏ကိုယ်စား ကရင် အမျိုးသားအစည်းအရုံး KNU ၊ ဥက္ကဌ-ဗိုလ်ချုပ်ကြီး မူတူးစေဖိုးကပြောသည်။
မေလ (၂၄) ရက်မှ (၂၈)ရက်နေ့အထိ နေပြည်တော်တွင် လက်ရှိကျင်းပနေသော ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ (ဒုတိယအကြိမ်)အစည်းအဝေးတွင် ထိုသို့ပြောကြားလိုက် ခြင်းဖြစ်သည်။
"NCA လက်မှတ်ထိုးထားသူတွေရဲ့ ပါဝင်မှုလောက်နဲ့ နိုင်ငံရေးလွှမ်းခြုံ ပြဿနာကို ဖြေရှင်းနိုင် မှာမဟုတ်ပါဘူး ။ ဒါကြောင့် ယခုညီလာခံက ထွက်ပေါ်လာမယ့် တူညီမှုတွေဟာ ဖြစ်စဉ်မှာမ ပါဝင်နိုင်သေးတဲ့ ညီနောင်တိုင်းရင်းသားတွေပါဝင်မှုကိုအ ထောက်အကူ ဖြစ်ရန်လိုအပ်ပါတယ် ။ ဘုံလက်ခံနိုင်သည့်မူ နဲ့ စံတန်ဘိုးများအုတ်မြစ် ချရန်လိုအပ်ပါတယ်၊ အားလုံးတစ်ပြေးညီ ထားခြင်းကို ပြန်လည်ဆန်းစစ်ရန်လိုပါပြီး အားလုံးလွှမ်းခြုံ သည့်သဘောထားတူညီချက်များဖြင့် အောင်မြင် သည့်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုဖန်တီးကြပါ " ဟု ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက တိုက်တွန်းသည် ။
ပြည်ထောင်စု အင်စတီကျူအုပ်ချုပ်မှုဒါရိုက်တာ ဦးခွန်စိုင်းက NCA အား အကောင် အထည်မဖော်သေးခြင်းသည် NCA တွင်ပါဝင်သည့်မူများကြောင့်မဟုတ်ဘဲ NCA တွင်ပါဝင်ခြင်းအားဖြင့် ရရှိနိုင်မည့် ငြိမ်းချမ်းရေးအကျိုးအမြတ်အပေါ် ထိထိရောက်ရောက်ရှင်းလင်းချပြနိုင်ရန်သာလိုအပ်ကြောင်း သုံးသပ်သည်။
“ဒီအဖွဲ့ တွေကို NCA ကို လက်မှတ်ထိုးပါ ထိုးရင်ပြီးပြီ ဆိုရုံနဲ့မပြီးဘူး ။ ခင်ဗျားတို့လက်မှတ်ထိုးရင် ဘာအကျိုးတွေရ နိုင်လဲဆိုတာ သေသေချာချာရှင်းပြဖို့လိုပါတယ် ။ ဒါဆိုရင်သူတို့ ပါဖို့လမ်းကပိုများ နိုင်ပါတယ်” ဦးခွန်စိုင်းက အကြံပြုသည်။
၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကမူ NCA လမ်းကြောင်း ကို လျစ်လျူရှု၍ အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုသည့် အခေါ် အဝေါ်များ သုံးစွဲလုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေသော ပြည်ထောင်စုစနစ် တည်ဆောက် ရေးကို မလိုလားခြင်းသာ ဖြစ်သည်ဟု (၂၁)ရာစုပင်လုံ(ဒုတိယအကြိမ်)အစည်း အဝေးမိန့်ခွန်းပြောကြား ရာတွင်ထည့် သွင်း ပြောကြားသွားသည်။
ဝ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် ရ ဖွဲ့ က မူ NCA စာချုပ်သည် ပြည်ထောင်စု ဖြစ်တည်ရာပင်လုံစာချုပ်ပျေက်ကွယ်စေရန်ဖုန်းကွယ်လိုက်မည့် စာချုပ်အသစ်ဖြစ်သောကြောင့် အလိုမရှိကြောင်း၊ NCA ထက် ကောင်းမွန်သည့် အခြားနည်းလမ်းဖြင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းခဲ့သည် စာတမ်း ရ၂ စောင်အပေါ် လေ့လာမှုအရ အချို့တိုင်းရင်းသားအဖွဲ့များ၏ ဆွေးနွေးချက်၊ တင်ပြချက်၊ လုပ်ဆောင်ချက်နှင့် အခြေခံအယူအဆများသည် ဘောင်ကျော်သည့် အလွန်အကျွံတောင်းဆိုမှုတွေ ဖြစ်နေတာကိုလည်း သတိပြုမိကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ချက်များသည် ဒီမိုကရေစီ အရေးနဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ကြီးမားစွာထား ရှိနေတဲ့ တိုင်းရင်းသားပြည်သူတွေ၏ ဆန္ဒနှင့် အကျိုးစီးပွား ကိုဆန့်ကျင်နေခြင်းသာဖြစ်သည် ဟု လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်
Tags: News, politic


