မီဒီယာလွတ်လပ်ခွင့်အတွက် တောင်ကြီးအခြေစိုက်သတင်းသမားများ ဆန္ဒထုတ် ဖော်မည်



သျှမ်းပြည်နယ်လွှတ်တော် တွင်သတတင်းရယူမှုနှင့် ပတ်သက်၍ ခွဲခြားဆက်ဆံခံနေရပြီး ၊လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်မရှိခြင်းကြောင့် တောင်ကြီးမြို့ အခြေစိုက်သတင်း သမားများက ဆန္ဒထုတ်ဖော်မည်ဟု သိရသည် ။


" သျှမ်းပြည်နယ်လွှတ်တော်မှာ မီဒီယာတွေ ခွဲခြားဆက်ဆံခံရတယ်၊ မြန်မာ့အသံ၊ SKY NET , NRC တို့က ဝင်ယူလို့ရတယ် တခြားမီဒီယာက မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၅၄မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိတယ်။ နောက် မီဒီယာဥပဒေ အခန်း ၉ ပုပ်မ ၃၀၊ ၃၁ မှာလည်း သတင်းရယူခွင့်တွေအတိ အလင်း ဖော်ပြထားတယ် ဒါကိုသျှမ်းပြည်နယ်လွှတ်တော်က လိုက်နာမှုမရှိသလို မီဒီယာကို ချိုးနှိမ်သလိုလုပ်နေတယ်လို့ ခံစားရတယ်။ သျှမ်းပြည်နယ်လွှတ်တော်မှာ ဓါတ်ပုံ၊ ဗီဒီယို၊ သတင်း ယူရတာ အခက်ဆုံးဖြစ်ပါတယ်" ဟုတောင်ကြီး သတင်းထောက်များအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် The People Voice ဂျာနယ်အယ်ဒီတာ  ခွန်ရာဇာက ပြောသည်  ။


သတင်းသမားများအနေဖြင့် သျှမ်းပြည်နယ်လွှတ်တော်အစည်းဝေးခန်းအတွင်းသို့ အစည်းအဝေးမကျင်းပမည် အချိန် ဗီဒီယိုရုပ်သံ ၊ ဓါတ်ပုံများဝင်ရိုက်ကူးရာတွင်လည်း လွှတ်တော်ဝန်ထမ်းများက တားဆီးပိတ်ပင်မှုများပြုလုပ်ခြင်ခံရကြောင်းသည် ။


လက်ရှိ သျှမ်းပြည်နယ် လွှတ်တော်ထဲသို့ သတင်းသမားများသတင်းရယူ ရသည့် အခြေအနေသည် လွှတ်တော် ကျင်းပရာ ခန်းမ၏အပြင်ဖက်ရှိ ဂိုဒေါင်ကြီးတစ်လုံး ထဲတွင်  ရုပ်မြင်သံကြား TV တစ်လုံးဖြင့် သတင်းရယူရန် နေရာချထားပေးပြီး ရုပ်မြင် သံကြား နှင့် ဆောင်းဘောက်စ် အသံမကြည်လင်ခြင်း တို့ကြောင့် သတင်းသမားအနေ ဖြင့် အခက်အခဲတွေ့နေရခြင်းဖြစ်သည် ။


" ဆောင်းဘောက်က မကြည်တော့ အသံဗလုံးဗထွေး နဲ့မသဲကွဲဘူး ကိန်းဂဏန်းတွေ အင်္ဂလိပ်စာ တွေပြောတဲ့ဆိုချိန်ဆိုရင် မပြတ်သား ဘူးမသဲကွဲဘူး ၊ TV ရုပ်မြင် သံကြားကြိုးခ လုတ် ကလဲ မထိတစ်ထိဖြစ်ရင် ဖန်သားပြင်မဲသွားတယ် ၊ ကျနော်တို့ပြန်ရေးတဲ့အခါ အချက်အလက်တွေ လွဲမှားသွားရင် ကျနော်တို့ပဲ တာဝန်ယူရမှာ လွှတ်တော် သတင်းလိုက်ဖို့ ဘယ်လိုမှအဆင်မပြေဘူး " ဟု ELEVEN Media မှ တောင်ကြီးအခြေစိုက်သတင်းထောက် စည်သာဟိန်းက ပြောသည် ။


" နေပြည်တော်မှာကျင်းပခဲ့တဲ့ မဏ္ဍိုင်ကြီး၎ရပ် ဆွေးနွေးပွဲမှာ သတင်းမီဒီယာ ကျင့်ဝတ် ဥပဒေများ နှင့်အညီ သတင်းယူနိုင်ဖို့သဘောတူဆွေးနွေးပြီးသားဖြစ်ပါတယ် ။ ဒါပေမဲ့ သျှမ်းပြည်နယ် လွှတ် တော်ကတော့ လုံးဝ အသိအမှတ်ပြုခြင်းမရှိ ပဲ အခုထိ မီဒီယာတွေကို ခွဲခြား ပြီး သတင်းယူခွင့်ကို ကန့်သတ်နေဆဲဖြစ်တာတွေ့ရပါတယ်။အခြားပြည်နယ်တိုင်း လွှတ်တော် တွေမှာ လွှတ်တော်သတင်း ယူဖို့သီးခြားလျှောက် ထားစရာမလိုတာကိုတွေ့ရပါတယ် " ဟု  သံလွင်သွေးချင်းဂျာနယ် အယ်ဒီတာချုပ် ၊ SSSMN အတွင်းရေးမှူး ဒေါ်မြဝန်းရံက ပြောသည် ။


သျှမ်းပြည်နယ်လွှတ်တော် တစ်ခါကျင်းပလျှင် တစ်ခါလျှောက်လွှာတင်ရပြီး လွှတ်တော် ၀င်ခွင့် ကဒ်ထုတ်ရသည့်ကိစ္စသည် သတင်းသမားများအတွက် မလိုလား အပ်ပဲ အချိန်ကုန်စေပြီး လျှောက် လွှာတင်ရန်နောက်ကျခဲ့လျှင် လွှတ်တော်တွင်းသတင်းရယူ ခွင့် မရှိတော့ကြောင်းသိရသည် ။


သျှမ်းပြည်နယ်တစ်ခုလုံး၏ ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သည့် ပြည်နယ်လွှတ်တော်သည် သတင်းလွှတ် လပ်ခွင့်မရှိခြင်း ၊ သတင်းဌာနများအားခွဲခြားဆက်ဆံခံရခြင်း တို့ကြောင့် တောင်ကြီးအခြေစိုက် သတင်းသမားများက လွှတ်တွင်းသတင်းလွှတ်လပ်ခွင့် ရရှိစေရေး အတွက် ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ကြောင်း သိရှိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates