တပ်ပိုင်းဆိုင်ရာဆွေးနွေးချက် ထစ်ဆို့နေမှု အစိုးရငြိမ်းချမ်းရေးကော်မရှင် နှင့် UNFC/DPN ဆွေးနွေးနိုင်ဟုဆို
NLD အစိုးရ ၏ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ကိုယ်စားလှယ်များ နှင့် ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိုနိုင်းရေး ကိုယ်စားလှယ်ဖွဲ့DPN တို့ ယနေ့ ချင်းမိုင်မြို့ ဖူရာမ ဟော်တယ်၌ တွေ့ဆုံရာမှာ UNFC တောင်းဆိုချက် ၉ ချက် အနက် တပ်ပိုင်းဆိုင်ရာ ထစ်ဆို့နေမှု များအား ဆွေးနိုင်ကြသည်ဟုသိရသည်။
၂၀၁၇ ဂျွန် ၁၀ ရက်နေ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဖူရာမ ဟော်တယ် ၌ အစိုးရ ၏ ငြိမ်းချမ်းရေး ကော်မရှင် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိုနိုင်းရေး ကိုယ်စားလှယ်ဖွဲ့DPN တို့ တွေ့ဆုံမှု တွင် UNFC တင်ပြတောင်းဆိုထားသည့် အချက် ၉ ချက် အနက် နိုင်ငံရေးကိစ္စ၊ တပ်ပိုင်းဆိုင်ရာကိစ္စ၊ နိုင်ငံတကာပါဝင်မှု ဆိုင်ရာ ကိစ္စ ရပ်များ အဓိက ထားဆွေးနွေးကြောင်း၊ ဂျူလိုင်လဆန်းပိုင်း ရန်ကုန် မြို့၌ ဆဠမ အ ကြိမ်တွေ့ပါကအဆိုပါ ကိစ္စရပ်များ အဖြေကောင်း ရရှိရေးအတွက် ဆက်လက်ဆွေး နွေးသွားဖို့ သဘောတူညီမှုများ ရကြောင်း တွေ့ဆုံမှုအပြီး သတင်းထောက် များအားတွေ့ဆုံစဉ်ပြော ကြားလိုက်သည်။
![]() |
| Photo : အစိုးရငြိမ်းချမ်းရေးကော်မရှင် နှင့် UNFC/DPN တို့ ဆွေးနွေး |
မူအရ သဘောတူညီမှုရထားသည့် အချက် ၉ ချက်တွင် စကားလုံးအသုံးအနှုန်း အချို့ပြင်ဆင် ရန်သဘောတူညီမှုရရှိကြောင်း ဥပမာ ‘ပြည်ဆောင်စုမှာပြဌာန်း’ ရမည် ဆိုသည့် အသုံးအနှုန်းက ပြည်ထောင်စုအဆင့် ပြည်ထောင်စုကိုယ်စားလှယ်တွေလုပ်ရမည့်အလုပ်ဖြစ်သောကြောင့် ထည့်သွင်း ရန် မလိုအပ်ကြောင်း ၎င်းက ဆက်ပြေသည်။
“အထူးသဖြင့် တပ်မတော်က နိုင်ငံတကာပါဝင်မှုနဲ့ ပတ်သက်ပြီးတော့ သူတို့အမြင်နဲ့ ကျနော်တို့ အမြင် နဲ့ နဲနဲကွာဟနေတာရှိတယ်လို့ကျနော်တို့ထင်တယ်။ မူလက ကျနော်တို့တင်ပြချက်ထဲမှာ တကယ်လို့ ပြဿနာဖြစ်ခဲ့ရင် နိုင်ငံတကာရဲ့ပါဝင်မှုအခန်းကဏ္ထကိုကျနော်တို့က ကြားဝင်ဖြန်ဖြေနိုင်တဲ့ အဆင့်မျိုး ကို ကျနော်တို့က တင်ပြဆွေးနွေးခဲ့တာရှိတယ်။ ဒါကို မတ်လတုန်းက ဒီဟာကိုတခြားပုံစံ အနေအထား နဲ့ သွားဖို့ ကျနော်တို့ ပြောခဲ့ကြတယ်လေ။ ဆဌမ အကြိမ်မြောက် ဆွေးနွေးဖြစ်ခဲ့ရင် ဒီဟာ ကိုကျနော်တို့ ပြောင်းလဲနိုင်တဲ့တခြားသောနည်းနဲ့ ပါဝင် နိုင်မှုကို နှစ်ဘက်သဘောတူလက်ခံ နိုင်တဲ့နည်းလမ်းရှာဖို့ သဘောတူခဲ့တယ်” - ဟု နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိုနိုင်းရေးကိုယ် စားလှယ် ဖွဲ့DPN မှ အဖွဲ့ခေါင်း ဆောင် ခူးဦးရယ် က ပြောပါတယ်။
မူအရ သဘောတူညီမှုရရှိထားသည့်အချက် ၉ ချက် အနက် နိုင်ငံရေးဆိုင်ကိစ္စ၊ တပ်ပိုင်းဆိုင်ရာကိစ္စ ရပ်များသည် PC နှင့် DPN နှစ်ဖွဲ့ကြားဆွေးနွေးသဘောတူမှုလောက် နှင့် မပြီးဆုံးကြောင်း၊ နိုင်ငံရေးပါတီများ၊ စပ်ဆိုင်သည့်အဖွဲ့အစည်းများပါဝင်သည့် ဆွေးနွေးမှုအခင်းအကျင်းအောက်တွင် စုပေါင်း အဖြေရှာရမည့် ကိစ္စဖြစ်ကြောင်း ခူးဦးရယ်က ဆက်ပြောပါသည်။
ထို့ကြောင် လာမည့် ဂျွန်လ ၂၀ ရက်နေ့ တွင် UNFC ၏ ညီလာခံ ကျင်းပမှုအပြီး ၊ လက်နက်ကိုင် တော်လှန်ရေးအုပ်စုများဖြစ်သည့် အပစ်ရပ်ထားသည့်အဖွဲ့များ၊ အပစ်မရပ်သေးသည့်အဖွဲ့များ၊ နိုင်ငံရေးပါတီများပါဝင်သည့် ညီလာခံတရပ် ကျင်းပသွားမည်ဟုလည်းပြောသည်။
ယနေ့တွေ့ဆုံမှုတွင်အစိုးရ ငြိမ်းချမ်းကော်မရှင်အဖွဲ့မှ ဦးအောင်စိုး ဦးဆောင်ပြီး ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဦးကျော်လင်းဦး တို့ ပါဝင်တက်ရောက်ကြသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်ကိုယ်စားလှယ်အဖွဲ့မှ ခူးဦးရယ် ဦးဆောင်၍ ဒေါက်တာ နိုင်ရွှေသိန်း၊ ဦးထွန်းဇော်၊ ဒူဝါး ဘဝမ်လရော်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူးကြီး မင်းထွန်းနှင့် ဗိုလ်မှူး ဟတ်ဟန် တို့ တက်ရောက်သည်။
Tags: News, politic


