သျှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ပစ်ခတ်တိုက်ခိုက်နေမှုကိုရပ်စဲပေးဖို့ အစိုးရ နဲ့ တပ်မတော်ကို PPST တောင်းဆို



ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  PPST  ကနေ အစည်းအဝေး ၂ ရက်တာ ကျင်းပရာမှာ အစိုးရ တပ်မတော်  ကနေ သျှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ပစ်ခတ်တိုက်ခိုက် နေမှုကို ရပ်စဲပေးဖို့တောင်းဆိုလိုက်ပါတယ်။


သြဂတ်စ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာ PPST ကနေအစည်းအဝေး  တောင်းဆိုခဲ့တာဖြစ်ပါတယ်။


ရင်ဆိုင်နေရတဲ့အခက်အခဲတွေ ဆက်ပြီးသွားနိုင်ဖို့ ရီဗျူးလုပ်တာဖြစ်တယ်။   အားနည်းချက်တွေပြန်ရှာပြီးတော့ အားသာချက်ကို  ရယူဖို့အတွက် ကျနော်တို့ လုပ်တာဖြစ်တယ်။ ပြောမယ်ဆိုရင်ကျနော်တို့အများကြီးနားလည်မှုတွေ ညီညွတ်မှုတွေရလာခဲ့တယ်။ ကျနော် တို့ရှေ့ကိုသွားဖို့ညီညွတ်ရေးကအရမ်းအရေးကြီးပါတယ်။ ဦးတည်ချက်တူ ညီတဲ့ကျနော်တို့တွေ လုပ်ဆောင်ချက်မတူညီပေမယ့် ဦးတည်ချက်ဆီကို   Unity in Diversity နဲ့သွားရမှာဖြစ်တယ်။ - လို့ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးကပြောပါတယ်။


NCA ဒုတိယ ပင်လုံ ကရလာတဲ့ အချက်အလက်တွေကိုပြန်လည်သုံးသပ်တဲ့ အဲဒီအစည်းအဝေးအပြီးမှာ အချက် ၅ ချက်ပါဝင်တဲ့ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်မှာတော့ NCA ပါအချက်အလက်တွေကို အကောင်အထည်ဖော်သွားမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်အောင် အစိုးရနဲ့တပ်မတော်ကို ဆွေးနွေးသွားမယ်၊ အစိုးရနဲ့တပ်မတော်ကို သျှမ်းပြည်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တွေမှာ  ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေမှုကနေရပ်တန့်ဖို့ တိုက်တွန်းတယ်။


နိုင်ငံရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထပ်မံပါဝင်လာနိုင်အောင် ဆောင်ရွက်ပေးဖို့တိုက်တွန်းတယ်။ အစိုးရတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကိုအမြန်ဆုံးအဆုံးသတ်ပေးဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုကြီးတည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲရလဒ်များထွက်ပေါ်လာရေး ကြိုးပမ်းသွားမယ် အစရှိပါရှိပါတယ်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  PPST  ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ကနေ ၂၀၁၆ မတ်လတုန်းက ဖွဲ့စည်းထားပါတယ်။ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့  KNU ခေါင်းဆောင်ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးတို့ ကနေဦးဆောင်ဦးရွက်ပြုထားတာဖြစ်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates